''ငါ ဆက်မမှုတ်နိုင်တော့ဘူး ပါးစပ်တွေညောင်းလာပြီ ပူဖောင်းတွေကလည်းများလိုက်တာ''
''ဖူးး ဖူးး''
''ပြီးတော့မှာကို ဖိုက်တင်း ''
ဒီနေ့က စာမေးပွဲမဖြေခင် ကျောင်း၌ကျောင်းဆင်းပွဲလုပ်ခြင်းပင်ဖြစ်သည်။
အဲဒါကြောင့် ပူဖောင်းမှုတ်သူကမှုတ် အခန်းကိုအလှဆင်သူက ဆင်နှင့် ကျောက်သင်ပုန်းပေါ်တွင်လည်း အခန်းနာမည်တွေ ရေးကာ အလှဆင်နေကြသည်။မုန့်ကတော့ ဆရာမက ဆိုင်က ကြာဇံကြော်ကို ပါဆယ်မှာထားတာဖြစ်သည်။မုန့်တွေရောက်လာတော့ မစားခင် အခန်းထဲက ကျောင်းသားများအားလုံးအောက်တွင်ဆင်းထိုင်ကာ ဘာသာရပ် ဆရာမများကို ကန်တော့ကြပြီး ဆရာမတွေက ဆုပေးကြလေသည်။ဒီနေ့တစ်နေ့တွင်တော့ ဆရာမက မဆော့ဖို့ မပြောပေ ရန်မဖြစ်ကြရန်သာပြောပြီး ပြန်ထွက်သွားလေသည်။
ဆရာမတွေ ထွက်သွားတော့ အတန်းခေါင်းဆောင်က ဖော့ကြုပ်နှင့်ကြာဇံကြော်ကို ဝေပေးလေသည်။''ဟိတ် မြေ့လေး ''
''ဟင် အကို ဘာလုပ်လုပ်တာလဲ အကိုတို့အခန်း ပြီးသွားပြီလားဟင် ''
''အင်း ပြီးပြီ ဘာလိုလို နဲ့ စာမေးပွဲတောင်ဖြေပြီနော် နောက်နေ့တွေကျရင် မြေ့လေးကို မတွေ့ရတော့ဘူး ''
''ဘာတွေ လာပြောနေတာလဲ သူများစားနေတာကို အစားပျက်အောင်လို့ ''
''အဟွန်း ဟုတ်ပါပြီကွာ ''
''......''
ဟုတ်တယ် ဒီလိုအချိန်မှာ ဘာလို့ ဒီစကားတွေလာပြောနေရတာလဲ လူကိုသက်သက်ခံစားရအောင်လို့ မြေ့မုန့်ကိုဆက်မစားတော့ဘဲ တူနဲ့သာ ကစားနေမိသည်။
''မြေ့လေး ''
''ဟင် ဘာလဲ အကို ''
''ကိုယ်တို့အမှတ်တရ ဓာတ်ပုံတစ်ပုံလောက်ရိုက်ကြရအောင်လေ ကိုယ်သိမ်းထားလို့ရအောင် ''
''ဘာနဲ့ရိုက်မှာလဲ ဖုန်းမှမရှိတာကို ''
''ခဏလေး ရဲရင့်မှာ ပါတယ် ဒီကောင်ကိုသွားခေါ်လိုက်ဦးမယ် ''
ပြန်ပြေးသွားတဲ့ အကိုရဲ့ကျောပြင်ကို ကြည့်ပြီး မြေ့တကယ်ပင် ဝမ်းနည်းနေမိသည် နောက်နှစ်တွေမတွေ့ ရတော့ဘူးဆိုသည့်စိတ်က မြေ့ကို အရမ်းငိုစေချင်သည် ။ခဏကြာတော့ အကိုနဲ့ ကိုရဲရင့်နှစ်ယောက် အတန်းထဲကပြန်ထွက်လာကြသည်။
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞