ကောင်း ထိုကလေးမတို့ဘက်ကို ကြည့်နေမိစဉ်
''ကောင်း ဘာတွေကြည့်နေတာတုန်းကွ ''
''ဟိုမှာ ကြည့်နေတာ ''
ရဲရင့်ကောင်းကြည့်နေတဲ့ဘက်ကို ကြည့်လိုက်တော့ ပြတင်းပေါက်ဘေးမှာ ကလေးမ ၂ယောက် စကားပြောနေကြတာကိုတွေ့ရသည်။ တစ်ယောက်ကကုတ်ခေါင်းလေးနဲ့ ချစ်စရာလေး နောက်တစ်ယောက်က ဆံပင်လည်ပင်းကျော်ကျော်လေးနဲ့ယဉ်ပြီးတော့လှတယ်။ ဒါပေမယ့်
ဒီကောင် ဘယ်ကောင်မလေးကို ကြည့်နေတာပါလိမ့် အတန်းထဲကကောင်မလေးတွေကိုတောင်မကြည့်တဲ့ကောင်က''ဘယ်သူတွေလဲ မင်းသိလို့လား ''
''မသိဘူး ဒါမယ့် ကုတ်ခေါင်းလေးနဲ့တစ်ယောက်က မနက်ကငါ့ကိုဝင်တိုက်သွားတဲ့တစ်ယောက် ''
''သြော် မင်းပြောတဲ့ချစ်စရာကလေးမလေး ဆိုတာလား''
ကောင်းခေါင်းငြိမ့်ပြလိုက်သည်။
ရဲရင့်ကောင်းကိုကြည့်တော့ ပြုံးပြီးကြည့်နေတာကြောင့် အကြံတစ်ခုရပြီး
''ကောင်း နေ့လည် အဲအဆောင်ကိုသွားရအောင်ကွာ ''
ကောင်းခဏစဉ်းစားလိုက်ပြီး ခေါင်းငြိမ်ပြလိုက်သည်
💟💟💟💟💟
🔔🔔🔔
အားလပ်ချိန်ခေါင်းလောင်းထိုးတာနဲ့ ကောင်းနဲ့ရဲရင့် အဲဘက်အဆောင်ဆီကိုထွက်လာခဲ့လိုက်ကြသည်။ ကောင်းမလေးတွေ ကောင်းကိုလှည့်ကြည့်နေကြသေးသည်။ ကောင်းက ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံဖြင့် သူ့လမ်းကိုသူဆက်လျှောက်နေလေသည်။ကောင်းတို့ ထိုကလေးမအခန်းရှေ့ရောက်လျှင်
ရဲရင့်ကကောင်းလေးတစ်ယောက်ကို ဘာတွေမေးနေတယ်မသိ။ ကောင်းအခန်းထဲ ကြည့်လိုက်တော့ထိုကလေးမလေးနဲ့သူ့သူငယ်ချင်းကမရှိပေ။''ကောင်း သွားရအောင် ''
'' အင်း သွားမယ်လေ မင်းဘာတွေမေးနေတာလဲ ''
''သြော် မင်းကြည့်နေတဲ့ကောင်မလေးနာမည်
သွားမေးတာလေ ဘယ်လိုလဲ မသိချင်ဘူးလား ''ရဲရင့်စကားကြောင့်
''ပြောမှာသာ ပြောပါကွာ ''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞