ဒီနေ့က မြေ့လေးမိဘတွေကို ခွင့်တောင်းကာ ကောင်းတို့နှစ်ယောက် ပျော်ပွဲစားအနေဖြင့် ပန်းခြံထဲရောက်နေခြင်းဖြစ်သည်။
ပန်းခြံက မြက်ခင်းပေါ်တွင် အဝတ်ပိုင်းလေးခင်းပြီး ကောင်းကထိုင်နေကာ ကောင်းရဲ့ပေါင်ပေါ် မြေ့လေးက ခေါင်းတင်က လှဲအိပ်နေလျက်...
နေ့သာတာကြောင် အရိပ်ရသည့် သစ်ပင်ကြီးအောက်ရွေးကာ ထိုင်နေကြတာဖြစ်သည်။
မြေ့လေးကတော့ ကောင်းပေါင်ပေါ်တွင် အိပ်လျက် စာအုပ်ဖတ်ပြီး ဘာတွေ သဘောကျနေသည်မသိ တခစ်ခစ်ရီနေလေသည်။
ကောင်းမြေ့လေးရဲ့ ခေါင်းကို ညင်သာစွာပွတ်လိုက်တော့ မျက်လုံးလှလှလေးတွေဖြင့် မော့ကြည့်လာလေသည်။
''ဘာတွေဖတ်ပြီးရီနေတာလဲ မြေ့လေးရဲ့ ''
''ဒီဝတ္ထုလေ တော်တော်လေး ရီရတယ် ဟီး အကိုရော ဖတ်မလားဟင် ''
''မဖတ်တော့ပါဘူး ပြီးရင် မြေ့လေးက ကိုယ့်ကို အကုန်ပြောပြမှာပဲ ဟုတ်တယ်မလား ''
''ဟုတ်တယ် ဟီးး ''
အခုနောက်ပိုင်း မြေ့လေးက ဝတ္ထုတွေ အရမ်းဖတ်လာတာပင် ဖတ်ပြီးတိုင်းလည်း ဒီဝတ္ထုကဘယ်လိုရီရတယ် ဘယ်လိုငိုရတယ် ဆိုတာက အစအဆုံးပြောပြ၏။ ဒါကြောင့် မြေ့လေးဖတ်ဖူးပြီးသားစာအုပ်ဆိုလျှင် ကောင်းလည်း ဖတ်ဖူးပြီးသားလိုဖြစ်သည်။ကောင်းက အဲလိုစာတွေဖတ်ရပျင်းပေမယ့် မြေ့လေး ပြောပြလျှင်တော့ မပျင်းပါ...
''အကို မြေ့စာဖတ်ပြီးရင် ဘာလုပ်ကြမှာလဲဟင် ''
''မြေ့လေးကဘာလုပ်ချင်လို့လဲ ''
''အင်း အရင်စားကြမယ်လေ နောက်တော့မှ ပြန်စဉ်းစားကြတာပေါ့ ''
''အင်း မြေ့လေး အဆင်ပြေရင် ပြီးရော ''
''ဟီး မြေ့ရဲ့ အကိုကချစ်ဖို့ကောင်းလိုက်တာ အဲဆိုစားရအောင် ''
''ဟင် စားတော့မလို့လား စာကဖတ်လို့ပြီးသွားပြီလား ''
''မပြီးသေးပေမယ့် မြေ့ဗို့က်ဆာနေပြီလေ ''
''ခုနကမှ သစ်သီးတွေ စားထားတာမလား ''
''အကိုကလည်း မြေ့အကြောင်းမသိတာ ကျနေတာပဲ့ ''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞