💞 Eposide.7 💞 Unicode

785 24 0
                                    


''ညီမလေး ညီမလေး ''

မြေ့ ကျောင်းထဲဝင်လာထဲက အဲတစ်ယောက်မြေ့နောက်လိုက်ပြီး အဆက်မပြတ်ခေါ်နေတာကြောင့် မြေ့မပြေးရုံ ခြေလှမ်းတွေနဲ့လျှောက်နေတာဖြစ်သည်။

''ညီမလေး ''

မြေ့ရှေ့ကနေပိတ်ပြီး ရပ်လိုက်တာကြောင့် မြေ့ခြေလှမ်းတွေ ရပ်သွားရသည် ။

''အကို ညီမလေးကိုခေါ်နေတာကြာပြီ မကြားလို့လား ''

''မဟုတ်ပါဘူး မြေ့နဲ့မသိတော့ မြေ့ကိုခေါ်နေတယ်လို့မထင်လို့ပါ ဘာကိစ္စရှိလို့လဲ ''

''ဟို အဲတာက အကိုဒီစာကိုပေးချင်လို့ပါ လက်ခံပေးပါနော် ညီမလေး ''

မြေ့လက်ထဲ လာထည့်လိုက်တဲ့ စာကြောင့်မြေ့ဘာလုပ်ရမလဲ မသိဖြစ်နေစဥ်

''မြေ့လေး ဘာလုပ်နေတာလဲ သူကဘယ်သူလဲ မြေ့လေးနဲ့သိလို့လား ''

''မြေ့နဲ့မသိဘူး သူကမြေ့ကို ဒီစာပေးနေလို့ ''

''ဘာ!!''

အကိုအော်လိုက်တဲ့ အသံကြောင့်မြေ့ပင်လန့်သွားရသည်။  ပြီးတော့မြေ့လက်ထဲကစာကို ယူပြီး ခုနကလူကို ပြန်ပြစ် ပေးလိုက်သည် ။

''သူ့ကိုစာပေးလို့မရဘူး ''

''ဘာလို့လဲ ငါ့ဘာငါ ညီမလေးကိုကြိုက်လို့ပေးတာ မင်းနဲ့ဘာဆိုင်လို့လဲ ''

''အခုမဆိုင်ပေမယ့် နောက်ဆိုင်လာတော့မှာ မင်းအသားမနာချင်ဘူးဆိုရင် ထွက်သွားလိုက်တော့ ''

ကောင်း ဒေါသအသံကြီးနဲ့ပြောတော့မှ ထွက်သွားလေသည် ။အဲတော့မှ ဒေါသကိုလျော့ကာ မြေ့လေးဘက်ကိုပြန်လှည့်လိုက်တော့ ကောင်းကို မျက်လုံးတွေပြူးကာကြည့်နေလေသည် ။

မြေ့လေး ကောင်းကိုကြည့်နေတော့ ခုနကဒေါသတွေတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ရကာ အသည်းယားလာ၍ နဖူးကိုတောက်လိုက်မိသည်။ 

''အာ့!! ''

''ဘာလို့နဖူးကိုတောက်တာလဲ ဒီမှာနာသွားပြီ ''

''ကိုယ့်ကိုဘာလို့ပြူးပြီးကြည့်နေတာလဲ ''

''မြေ့မှ ခုနကအကိုဒေါသကြီးထွက်ပြီးပြောနေတာကိုမမြင်ဖူးတာ အဲကြောင့်ကြည့်မိတာပေါ့လို့ ''

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Where stories live. Discover now