အခန်း (၁၃)

106 13 8
                                    

Unicode

တက္ကသိုလ်များစုပေါင်းအားကစားပြိုင်ပွဲ - ဘတ်စကက်​ဘောအားကစားပြိုင်ပွဲနေ့-

"Defense! Defense! Defense!"

ကွင်းတစ်ခုလုံး ကျောင်းသားကျောင်းသူတွေရဲ့ အော်ဟစ်အားပေးသံတွေနဲ့ ညံနေသည်။ ဒီနေ့ Ziyiတို့ တက္ကသိုလ်နဲ့ ပေကျင်းအနောက်ပိုင်း တက္ကသိုလ်ရဲ့ ပြိုင်ပွဲနေ့။

046 : 071

အမှတ်က အပြတ်အသတ်ကွာနေသည်။ Ziyiတို့အသင်းရဲ့ နည်းပြက မျက်နှာသိပ်မကောင်းချင်တော့။ အသင်းသားတွေလည်း စိတ်ဓာတ်ကျနေကြပြီး တစ်ဖက်အသင်းကတော့ မထိတထိလှမ်းကာ စနောက်နေကြလေသည်။

ရလဒ်ကြောင့် လက်ကားယားခြေကားယားဖြစ်နေတဲ့ နည်းပြက ပွဲခဏနားချိန်မှာ အသင်းသားတွေအကုန်လုံးကို စုခေါ်လိုက်တယ်။

"ဒီမှာ လာစုကြ"

သူက ထိုင်နေတဲ့ Ziyiရှေ့တည့်တည့်မှာ ရပ်လိုက်ပြီးတော့ Ziyiကို စိုက်ကြည့်ကာ သတိပေးတယ်။

"Ziyi မင်းဝင်ဆော့ရမှရမယ်"

အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်သူ Wang Ziyiက ဒီနေ့ပွဲမှာ ကွင်းစည်းထဲကို ခြေတစ်လှမ်းတောင် မချရသေးဘူး။ သူ့မျက်နှာက ဂနာမငြိမ်ဖြစ်နေကာ ပွဲကြည့်စင်ဘက်ကိုပဲ ကျီးကန်းတောင်းမှောက် ခဏခဏ လှည့်ကြည့်နေတယ်။ လက်ဖဝါးနှစ်ဖက်ကိုလည်း ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားနေသလို တစ်စုံတစ်ရာကို စောင့်မျှော်နေတဲ့ဟန်လည်းပေါ်တယ်။

Ziyi ကွင်းထဲကို ဝင်ချင်စိတ်မရှိဘူး။ ဘာထိခိုက်ဒဏ်ရာမှ ရမထားတဲ့ သူ့ရဲ့ ညာခြေထောက်ကို နည်းပြမြင်အောင် မြှောက်ပြလိုက်ရင်း စိတ်မပါလက်မပါနဲ့ သူက ပြန်ဖြေတယ်။

"နည်းပြ ကျွန်တော့်ခြေထောက်နာနေတယ်"

နည်းပြလည်း ပြောစရာစကားမဲ့သွားပြီး အီလည်လည်မျက်နှာကြီးဖြစ်လို့သွားတယ်။

အဲ့ဒီအချိန် ပွဲကြည့်စင်ရဲ့ တစ်နေရာမှာ အသံစာစာနဲ့ ကောင်လေးတစ်ယောက်က အော်ဟစ်အားပေး​နေတဲ့ ပွဲကြည့်ပရိတ်သတ်တွေကြား တိုးဝှေ့လို့ရောက်လာတယ်။

Dating The Gangster Where stories live. Discover now