အခန်း (၉)

447 60 5
                                    


"Kun Kun! Kun Kun! မြန်မြန်လာ !
မင်း ဒါကိုတွေ့ဖို့လိုတယ် "

အချိန်အခါမဟုတ်ရွာချတဲ့ မိုးသည်းသည်းမည်းမည်းထဲမှာ ZhengTingတစ်ယောက်
အဆောင်းမပါ အကာမပါနဲ့ Kun Kunနာမည်ကို အော်ဟစ်ပြီး Kun Kunဆီီ
ပြေးလာတယ်။

ကျောင်းဝင်းထဲမှာလည်း လူတွေရုတ်ရုတ်သဲသဲနဲ့ တနေရာရာကို
ဦးတည်ပြီး ပြေးလွှားနေကြသလိုပဲ။

"ဘာဖြစ်လို့လဲ !"

ကျောင်းဆောင်ကူးလမ်းမှာ မိုးဝင်ခိုနေတဲ့
Kun Kunက အော်ဟစ်ပြေးလာတဲ့
ZhengTingကို မိုးသံတွေကြားထဲကနေ
ပြန်အော်မေးလိုက်တယ်။

"ငါနဲ့သာ လိုက်ခဲ့စမ်းပါ မင်းမြင်မှကို
ဖြစ်မှာ !"

ZhengTingရဲ့ အလောတကြီး
ဆွဲခေါ်မှုကြောင့် Kun Kunပါ
မိုးရေတွေရွဲကုန်တယ်။

"ဘာရယ် ? ငါတို့စိုကုန်ပြီလေ ! "

"ထားလိုက်စမ်းပါ ! မြန်မြန်လာ !
မင်း ဒါကို တွေ့မှ ဖြစ်မှာ ! "

ZhengTingရဲ့ဆွဲခေါ်မှုနဲ့ Kun Kun
Mainဆောင်ရှေ့ရောက်သွားတယ်။
အဆောင်ရှေ့မိုးရေတွေကြားထဲမှာ
ကျောင်းသားကျောင်းသူတွေလည်း အများကြီး။

"Kun Kun! ငါတို့ သူ့ကို တားဖို့ နည်းမျိုးစုံ
ကြိုးစားပေမယ့် သူနားမထောင်ဖူး !"

မျက်စိမျက်နှာအပျက်ပျက်နဲ့ Lin Linက
Kun Kunကို ဆီးပြောတယ်။
Kun Kunကိုမြင်တော့
ကျန်တဲ့လေးယောက်ကပါ Kun Kunနား
ပြေးလာတယ်။

"Wang ZiYi! အောက်ကို ပြန်ဆင်းခဲ့ပါ !"

သုံးထပ်တိုင်ခေါင်မိုး ဘောင်ပေါ်က
မိုးရေတွေထဲမှာ လူမိုက်တစ်ယောက်ရပ်နေတယ်။
အောက်က အားကစားဆရာရဲ့အော်ပြောသံကို
သူက လျှစ်လျှူရှုထားပြီး Kun Kunကိုပဲ
လှမ်းကြည့်တယ်။

သူ့ရင်ဘတ်မှာလည်း ကတ်ထူပြားတစ်ချပ်
ဆွဲထားသေးတယ်။ Kun Kunသူ့ကို
အဖြေပြန်ပေးဖို့ စာလုံးကြီးကြီးတွေနဲ့
ရေးခြစ်ထားတဲ့ ကတ်ထူပြား။

တကယ်ပဲ ဒီလူဟာ ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲဆန်ရတာလဲ။
သူ ဒီလိုအပိုတွေလုပ်ပြလည်း
Kun Kunကတော့ သူလိုချင်တာကို
ပေးမှာ မဟုတ်ဖူး။

Dating The Gangster Où les histoires vivent. Découvrez maintenant