Wang ZiYiနဲ့တရားဝင်ရည်းစားဖြစ်ပြီး
နောက်နေ့ကျောင်းတက်ရက်တွေက
XuKunအတွက် တကယ်ကို ဗရုတ်သုတ်ခပါပဲ။ZhengTingနဲ့ XuKunတို့နှစ်ယောက်
လျှောက်လာတဲ့ လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်
ဆီမှာ Wang ZiYiရဲ့ နောက်လိုက်ငယ်ပါတွေက တခြားကျောင်းသားတွေကို အော်ဟစ်မောင်းထုတ်နေတယ်။"ဘေးကို ဖယ်ပါ ! မိန်းကလေးတို့ ! "
XuKunစိတ်ရှုပ်နေပေမယ့် ZhengTingကတော့
"မိုက်တယ် ! Gangsterရဲ့ကောင်လေးက
သက်တော်စောင့်တွေ ဘာတွေနဲ့ပါလား ""မဟုတ်ပါဖူး ဘာတွေပြောနေတာလဲ !"
XuKun Zhengtingကို ချန်ရစ်ပြီး
တခြားအဆောင်ဘက် ကူးပြေးတယ်။လူရှုပ်တစ်သိုက်က နောက်ကပြေးလိုက်
လာပြီး XuKunသွားတဲ့လမ်းက
ကားကို တားကာရပ်စေတယ်။
ဘေးနားက ဗရုတ်သုတ်ခတစ်သိုက်
ခြံရံပြီး သွားနေရတာ XuKunတကယ်
စိတ်ညစ်လို့ သေတော့မယ်။ZhengTingက အဆောင်ကူးလမ်းကနေ
လှမ်းအော်ပြန်တယ်။"ငါပြောသားပဲ ဒါတွေက Gangsterရဲ့
ကောင်လေးအတွက်ပါဆို !"စူပုတ်ပုတ်မျက်နှာလေးနဲ့ ဘောက်ဆိုက် ဘောက်ဆိုက်သွားနေတဲ့ XuKunရှေ့ကို
စကိတ်တစ်စီးနဲ့ လေပွေလို Wang ZiYi
ရောက်လာတယ်။သူ့ကို မြင်တော့
XuKunမျက်စောင်းထိုးမိလိုက်တယ်။သူက စကိတ်ကိုရပ်ပြီး XuKunဘေးကနေ
ကပ်လျှောက်တယ်။"ဒီနေ့ကစပြီး မင်းသဘောနဲ့မင်း
ကျောင်းကို မလာရတော့ဘူး !"သူ့စကားကို ကြားတော့ XuKunက
ပြန်ခံပြောဖို့ အဆင်သင့်ဖြစ်နေပြီးသား။"ကျွန်တော့်ကို ဒီလိုတွေ လာလုပ်-"
XuKunရဲ့ စကားက ပါးစပ်ကိုလာပိတ်တဲ့
အဝတ်စတစ်စကြောင့် ရပ်သွားတယ်။"ဒါကိုဝတ်!"
Wang ZiYiက ဒေါသထွက်နေတဲ့
ကောင်လေးကို ချန်ခဲ့ပြီး ရှေ့ဆက်လျှောက်
သွားတယ်။XuKun သူ့ကိုယ်ပေါ်က အရောင်မွဲမွဲရှပ်နဲ့
အနားတွေဖွာနေတဲ့ ဂျင်းဘောင်းဘီကို
ပြန်ငုံ့ကြည့်လိုက်တယ်။
![](https://img.wattpad.com/cover/162877761-288-k9073.jpg)
YOU ARE READING
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။