"ကျွန်တော် ငယ်ငယ်တုန်းကပေါ့
ကျွန်တော် အားလုံးကို သိတယ်လို့
တွေးခဲ့ဖူးတယ်…""အချစ်ဆိုတာကို သိတယ်လို့ ကျွန်တော် အမြဲတမ်း ထင်နေခဲ့ပါတယ်"
ဝိုင်ခွက်ကို လက်နဲ့ဆ,ကိုင်လိုက်ရင်း
ခန်းမထဲက လူတွေကို ZiYiအကဲခတ်လိုက်တယ်။
အကုန်လုံးရဲ့ မျက်နှာမှာ အပြုံးကိုယ်စီနဲ့
ZiYiရဲ့စကားကို သေချာဂရုတစိုက် နားထောင်
နေကြတယ်။"ဒါပေမယ့် ကျွန်တော် အရွယ်ရောက်လာတော့ …"
"ကျွန်တော် ဘာမှ မသိသေးဘူးဆိုတာ
သိလာရတယ်…"အသက်လေးဆယ်အရွယ် Wang ZiYiဟာ
ဝတ်စုံအပြည့်နဲ့ အင်မတန်ကြည့်ကောင်းနေပါတယ်။
အရင်လို မျက်နှာပေါ်ဝဲကျနေတဲ့ ဆံနွယ်ရှည်တွေ
မရှိပေမယ့် သူဟာ နုပျိုခန့်ငြားနေတုန်းပဲ။သူက စကားဆက်တယ်။
"အချစ်ဆိုတာ ကမ်ဘာပေါ်မှာ စွမ်းအားအကြီးဆုံး
အရာဖြစ်မယ်လို့ ကျွန်တော်ထင်ခဲ့ဖူးတယ်…"သူ့မျက်ဝန်းတွေကတော့ ရီဝေဝေဖြစ်နေသလိုပဲ။
"ကျွန်တော် မှားသွားခဲ့တယ်…
တကယ်လို့ အချစ်ထက်ပိုပြီးတော့
အင်အားကြီးတဲ့ အရာရှိတယ်ဆိုရင်
အဲ့ဒါက ……"အချစ်ဆုံး သူငယ်ချင်းမလေးရဲ့ မင်္ဂလာဆောင်မှာ
မင်္ဂလာစကားပြောပေးနေတဲ့
သူဟာ တစ်ယောက်ယောက်ကို သတိရနေတဲ့ပုံလည်း ပေါ်ရဲ့။"အဲ့ဒါက အချိန်ပါပဲ…"
"ဒါက တကယ့် ချီးထုတ်ဗျ!"
သူက ဟက်ခနဲရယ်တယ်။ပြီးတော့
အို သူမျက်ရည်တွေလည်း ဝဲလာပြီ။"မှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ ………"
သူဟာ အချစ်စစ်ကို မှန်ကန်တဲ့အချိန်မှာ
တွေ့ခဲ့ပုံ မရဘူး။////
"ရှှုး တိုးတိုး!"
ကောင်မလေးကို ဆွဲရင်း
ChengCheng ခန်းမဘက်ကို
လှမ်းပြီး Checkရသေးတယ်။
အကုန်လုံးရဲ့ အာရုံက ဘိုးတော်ဆီမှာမို့
ကံကောင်းတယ် ပြောရမယ်။
YOU ARE READING
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။