အခန်း (၁၁)

375 40 4
                                    

Zawgyi

ဒီနေ့ အားကစားချိန်မှာ Kun Kun
ဘတ်စကက်ဘော ကစားတယ်။
အချိန်ကုန်ခါနီးတော့ လွယ်အိတ်တွေ
စာအုပ်တွေထားတဲ့ဘက်ကို Kun Kun
ပြန်လျှောက်လာခဲ့သည်။Zhengting
ကလွဲပြီး တခြားသူငယ်ချင်းမရှိသေးတဲ့
Kun Kunအတွက်တော့ နေ့လည်စာ
စားချိန်တွေမဟုတ်ရင် အမြဲလိုလို တစ်ယောက်ထဲပဲ ။

အားကစားဝတ်စုံနဲ့ မိန်းကလေး သုံးလေးယောက်ခန့် Kun Kunနောက်ကနေ
ဘောလုံးတွေပိုက်ပြီး လိုက်လာကြတာကို
Kun Kunတစ်ယောက် သတိမထားမိချေ။

"ငါ့ကို ကြည့်ထား "

အသံတွေကြားနေရပေမယ့် သူနဲ့မဆိုင်တာမို့ Kun Kunကတော့ ဘာသိဘာသာပဲ။

လွယ်အိတ်ဘေးနားမှာ ရှိတဲ့ ရေသန့်ဘူးကို
ကောက်ယူပြီး Kun Kun အားရပါးရ မော့သောက်လိုက်တယ် ။

Kun Kun နောက်နားရောက်လာတဲ့
အဖွဲ့ထဲမှာ အရပ်အပုဆုံးမိန်းကလေးက
နောက်က မိန်းကလေးတွေကို ဂုဏ်ယူဝင့်ကြွားတဲ့ မျက်နှာပေးမျိုးနဲ့ ပြုံးပြကာ ...

"...."

"အ့"

သောက်လက်စ ရေဘူးပါ လွတ်ကျသွားပြီး
Kun Kun တစ်ယောက်ရှေ့ကို ငိုင်ကျသွားသည်။ ဘာဖြစ်လို့ ဖြစ်သွားမှန်း
မသိခင်မှာပင် Kun Kunမျက်နှာနဲ့
ကိုယ်ပေါ် အဆက်မပြတ်ကျလာတဲ့
ဘောလုံးတွေ ။

"စနှိုက်ကျော်ကောင် "

"အ့ "

"ကြာခိုကောင် "

"......."

ဖရိုဖရဲ ဖြစ်နေတဲ့ Kun Kun ။
မျက်နှာကို တံတောင်နဲ့ကွယ်ကာ
ပြုတ်ကျနေတဲ့ စာအုပ်တွေ စာရွက်တွေကို
ကောက်တယ် ။

"မလုပ်ပါနဲ့ "

"မကောင်းတဲ့ ကောင် ! "

Kun Kunကို ပထမဆုံး ဘောလုံးနဲ့
စပေါက်တဲ့ မိန်းကလေးက
ကျေနပ်တဲ့ဟန် မတူဘူး ။
Kun Kunဘေးနားကိုပါ ရောက်လာပြီး
Kun Kun ကိုယ်ကို ထုရိုက်လို့
မျက်နှာကိုပါ ကြမ်းကြမ်းတမ်းတမ်းကုတ်ဖဲ့တယ် ။

Dating The Gangster Donde viven las historias. Descúbrelo ahora