Unicode
Kun Kunနှင့် ZiYiတို့ နှစ်ယောက်သား တက္ကသိုလ်နားက ကစားရုံထဲရောက်နေကြပြန်သည်။ တီဗွီဂိမ်းဖန်သားပြင်ပေါ်က ရောင်စုံကာလာတွေက လူတွေရဲ့မျက်နှာတွေပေါ် ရောင်ပြန်ဟတ်လို့နေသည်။
ZiYiတစ်ယောက်တည်းကပဲ ဂိမ်းကစားနေတာဖြစ်ပြီး Kun Kunကတော့ ZiYiရဲ့ဘေးဘက်နေရာမှာထုံးစံအတိုင်း ထိုင်နေခြင်းပင်။ ဂိမ်းကို စိတ်ပါဝင်စားစွာ သည်းကြီးမည်းကြီးဆော့နေတဲ့ ZiYiကို Kun Kunငေးကြည့်နေမိတယ်။
ဘေးတိုက်မြင်နေရတဲ့ ZiYiမျက်နှာ။ ဆံနွယ်ရှည်တွေက သူ့မျက်နှာချောချောရဲ့ တဝက်လောက်ကို နေရာယူထားသည်။ ZiYiက ဆံပင်မညှပ်သေးဘူးပဲ။ ဘာရယ်မဟုတ် Kun Kun နာကျင်စွာပြုံးမိသွားသည်။
"အိုး ရက်စ်!"
ဂိမ်းနိုင်သွားပုံရတဲ့ ZiYiက မြူးကြွစွာနဲ့ Kun Kunဘက်ကိုလှည့်ကြည့်လာတယ်။ မြင်လားဆိုတဲ့ အောင်နိုင်သူတစ်ယောက်လိုမျိုး ပြုံးပြလာတဲ့ ZiYiကို Kun Kunပြန်ပြုံးပြလိုက်သည်။
ထိုအချိန်မှာပဲ ကျောင်းသားတစ်ယောက်က Kun Kunတို့နားကို ရောက်လာတယ်။
"မင်း ဒီနေရာမှာ ဆော့မှာလားဟင်"
Kun Kunက ZiYiအဖော်အနေနဲ့သာလိုက်လာတာဖြစ်ပြီး တကယ်တမ်း ဂိမ်းမဆော့တဲ့သူမလို့ Kun Kun ထိုကျောင်းသားအတွက် နေရာဖယ်ပေးလိုက်သည်။
"ဟင့်အင်း မဆော့ဘူး ထိုင်ပါ ထိုင်ပါ"
ထိုကျောင်းသားက ဘေးကZiYiကို မဝံ့မရဲဖြစ်စွာ လှမ်းကြည့်ပြီး တောင်းပန်တိုးလျိုးသံဖြင့်
"ပြဿနာမရှိဘူးမလား စိတ်မရှိပါနဲ့နော်"
ဂန်းစတားကြီးကို ကြောက်ရွံ့နေပုံရတဲ့ ကျောင်းသားလေးကို Kun Kun အလျှင်အမြန်ပဲ နှစ်သိမ့်ပေးလိုက်တယ်။
"မဟုတ်တာ ဘာမှမဖြစ်ပါဘူး ကျွန်တော်လည်း ဂိမ်းကစားတာမှ မဟုတ်တာ"
"သေချာလို့လား"
Kun Kunက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တော့ ထိုကျောင်းသားက စိတ်အေးသွားတဲ့ပုံစံနဲ့ ZiYiဘက်ကိုလှည့်ပြီး ကျေးဇူးတင်စကားဆိုတယ်။
VOCÊ ESTÁ LENDO
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။