Unicode"Wang ZiYi! မင်းက ကျောင်းပျက်ရင်ပျက် မပျက်ရင် အမြဲ နောက်ကျလို့ချည်းပဲ"
ဆရာမရဲ့ ဆူပူကြိမ်းမောင်းသံကြောင့် တစ်တန်းလုံးရဲ့ အကြည့်တွေက အခုမှ အတန်းထဲကို ဝင်လာတဲ့ ZiYiဆီကို စုပြုံရောက်ရှိလို့လာလေတယ်။ ဆရာမရဲ့ အလွန်တော့လည်း မဟုတ်ပါဘူး။ ဆရာမရဲ့အတန်းစနေတာ မိနစ်နှစ်ဆယ်တောင်ကျော်နေပြီကိုး။
"တောင်းပန်ပါတယ် ဆရာမ"
YiHanတို့က ZiYiအတွက် နေရာဖယ်ပေးကြတယ်။ ထိုင်ခုံမှာထိုင်ပြီးပြီးချင်းပဲ ZiYiရဲ့မျက်လုံးက လူလွတ်နေတဲ့ ထိုင်ခုံနေရာဆီကို အကြည့်ရောက်သွားတယ်။
"Kun Kun ဘယ်မှာလဲ"
"ငါတို့က သူ မင်းနဲ့အတူရှိနေတယ်ထင်တာ"
စာလိုက်မှတ်နေတဲ့ သူ့သူငယ်ချင်းက သူ့ကိုနားမလည်သလိုမော့ကြည့်ရင်း ပြန်ဖြေတယ်။
ZiYiလည်း တွေဝေသွားတယ်။ Kun Kunက အတန်းပျက်တယ်လို့မှမရှိတာ။ ဘောင်းဘီအိတ်ထဲက ဘီပါကိုထုတ်ကြည့်လိုက်တော့လည်း ဘာစာမှဝင်နေခြင်းမရှိ။
"ရပ်လိုက်စမ်းလို့ Lin Lin!"
"ဟားဟားဟား ငါဖတ်ပြမယ်"
ဒီအသံတွေကတော့ ထုံးစံအတိုင်း ZiYiတို့ ဂန်းစတားအဖွဲ့ ဘရုတ်ကျနေတဲ့ အသံတွေပေါ့။ ရည်းစားစာတစ်စောင်ကိုအတင်းလုယူပြီး အသံအကျယ်ကြီးနဲ့ အော်ဖတ်နေကြတာ။
ဒီနေ့ပျော်စရာကိစ္စလေးတွေ လုပ်ကြတဲ့အထဲမှာ ZiYiကတော့ မပါနိုင်ပါ။ ကျောင်းလှေခါးထစ်မှာထိုင်ပြီး ကျောင်းခန်းတွေထဲက ထွက်လာတဲ့လူတွေကို တစ်ယောက်မှအလွတ်မခံဘဲ လိုက်ကြည့်နေတယ်။ သူ စောင့်နေတဲ့သူ ရှိတယ်။
Zhengtingက ZiYiတို့ အဖွဲ့ကိုလှမ်းမြင်လိုက်တာနဲ့ ခြေလှမ်းတွေကို နဂိုထက်ပိုသွက်လိုက်တယ်။ မသိချင်ယောင်ဆောင်ပြီးကျော်သွားမယ့် Zhengtingရဲ့ အကြံက မအောင်မြင်လိုက်ရှာပါ။
"Zhengting!"
ZiYiလှမ်းခေါ်လိုက်တဲ့အသံကြောင့် Zhengtingကိုယ်လေး ဆတ်ခနဲတုန်သွားပြီး ခြေလှမ်းလည်းရပ်သွားတယ်။ ZiYiက Zhengtingဆီကို အပြေးတပိုင်းလျှောက်လာပြီး သူသိချင်တာကိုတန်းမေးလိုက်တယ်။
![](https://img.wattpad.com/cover/162877761-288-k9073.jpg)
VOCÊ ESTÁ LENDO
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။