အခန်း (၄)

659 84 6
                                    


"သားကြီး လေယာဉ်ခရီးစဉ်တွေအကုန်လုံးက
ဘိုကင်တွေနဲ့ ပြည့်နေပြီကွ!"

ဖုန်းပြောပြီး လှမ်းအော်တဲ့ Jackရဲ့
လေသံက သူ့ကို တားမြစ်လိုတဲ့ဟန် အပြည့်။
ဒါပေမယ့် သူဂရုမစိုက်ချင်။
နောက်ကနေ တကောက်ကောက်လိုက်ပြီး
ဟိုဆွဲဒီဆွဲလုပ်နေသော အဖွားကြီးကို
ရှောင်ရင်း အိတ်ထဲကို လိုမည်ထင်တဲ့
ပစ္စည်းတချို့ ကောက်ထည့်နေမိတယ်။

"Jack သွားရအောင်ပါကွာ !"

ချီဖင်းကို သွားဖို့ Jackကိုပါ အဖော်စပ်သော်
လည်း လေယာဉ်လက်မှတ်မရတဲ့အခါ
Jackက မလိုက်ချင်တဲ့ပုံ။

"ငါ့အဖေက အန်တီဝေနဲ့ သဘောတူညီချက်
ယူပြီးသားကွ!"

မလိုက်ချင်တော့ သူ့အဖေကမလွှတ်ဆိုတဲ့
အကြောင်းကို လွှဲချသည်။

အိမ်ထိန်း အဖွားကြီးဝေကလည်း
ပြာပြာသလဲနဲ့ ထပြောတယ်။

"ဟုတ်တယ် ဟုတ်တယ် အန်တီပြောတာ
နားထောင်ပါ ChengChengရယ် ဒီမှာပဲ
နေပြီး သတင်းတွေထိုင်စောင့်ရအောင်ပါ"

အဝတ်အစားအချို့ကိုထပ်ထည့်လိုက်ပြီးတော့
ထွက်သွားဖို့ရာ အတွက်အဆင့်သင့်
ဖြစ်နေပြီ။ဆုံးဖြတ်ပြီးဟန်နဲ့ အိတ်ကို သူ လွယ်လိုက်တော့ Jackက မချင့်မရဲနဲ့။

"ChengCheng! လေယာဉ်မရှိတော့ဘူးကွ !"

"ChengCheng ! သူ သိပ်ခေါင်းမာတာပဲကွယ်!"

အဖွားကြီးရဲ့ ငိုသံပါကြီးနဲ့စကားတွေက
လေထဲကနေလွင့်လာတယ်။
သူတို့အကုန်လုံး စိတ်ပူ စိတ်မချ၍ တားနေကျ
သည်ကို လက်ခံသော်လည်း သူတို့ပြောသလို
Cheng အဖေ့သတင်းကို အိမ်ကနေ
ထိုင်မစောင့်နိုင်။

ပျောက်နေတဲ့သူက သူတို့အဖေမှ မဟုတ်တာ။
ChengChengရဲ့ အဖေလေ။

………………………………………………………

အဝေးပြေးကားဂိတ်ထဲကို သူရောက်တော့
ည အတော်လေးမှောင်နေပြီ။
လက်မှတ်ရောင်းသမားရဲ့ အခန်းငယ် အဝ
ကျဉ်းကျဉ်းလေးရှေ့မှာ လူအုပ်ကြီးက
ကျိတ်ကျိတ်တိုးနေတယ်။

ကားသံလူသံတွေ ဆူညံနေတဲ့ကြားက
လက်မှတ်ရောင်းသမားက စိတ်ညစ်ညူ းနေသံ
နဲ့ အော်ပြောတယ်။

Dating The Gangster Where stories live. Discover now