အခန်း (၂)

1K 92 9
                                    


အချိန်ကား ညသန်းခေါင်ယံကိုတောင်
ကျော်လွန်နေခဲ့ပြီ။Wangအိမ်ကြီးရှေ့ကို
တန်ဖိုးကြီး ဇိမ်ခံကားတစ်စင်း ဖြေးဖြေးလေး
ထိုးရပ်လာသည်။

"ဝှူ းးးးး!"

"Yayyyy!"

ဘေးပတ်ဝန်းကျင်ကိုမှ အားမနာ
အသံသေး အသံကြောင်တွေနဲ့လည်း
အော်ဟစ်နေကြသေးသည်။
ကားပေါ်ကနေ ဒယိမ်းဒယိုင်ဆင်းလာသူက
ChengCheng။

"ဟေးး Jack! ဂရုစိုက်ဦးနော်!
မင်းအဖေ မင်းကိုသတ်နေဦးမယ်!"

"Shut Up!"

ဆူညံနေတဲ့ကားကို ချန်ရစ်လို့ ChengCheng
ကတော့ အိမ်ထဲဝင်နေပြီ။

"ဟေး Cheng! မင်းအိမ်ပြန်နောက်ကျပြန်ပြီနော်
မင်းအဖေတော့ မင်းကိုဆူတော့မှာပဲ!"

Jackဆိုတဲ့တစ်ယောက်က ခြံတံခါးဝရောက်နေ
ပြီဖြစ်တဲ့ ChengChengကိုနောက်က
လှမ်းအော်သည်။

"နေပါကွာ သူဟောင်ကောင်ကို ထွက်သွားပါပြီ!"

ChengChengလေသံက အာလေးလျှာလေး
ဖြစ်နေတာတောင်  အတော်ပင်
အူမြူ းနေတဲ့ လေသံ။ သူ့အဖေကို
မျက်နှာချင်းဆိုင် မမြင်ရခြင်းက
သူ့အတွက် အလွန်ပင် သက်တောင့်သက်သာ
ဖြစ်ဟန်တူသည်။

ခြံစောင့်က သူတို့ကားအသံကြားကတည်းက
ပြေးထွက်လာပြီး ChengChengကို တံခါး
လာဖွင့်ပေးသည်။

"ဒါဆိုရင်တော့ ဇာတာတက်တာပေါ့ကွာ
ဟားဟား!"

………………………………………………………

"ChengCheng!!!"

ChengChengရဲ့ သာယာနေတဲ့ မနက်ခင်းလေးဟာ အိမ်ထိန်းအဖွားကြီးရဲ့
ကမ်ဘာပျက်သလို အော်ဟစ်လိုက်သံကြောင့်
ပျက်စီးသွားရသည်။

"မင်းအဒေါ် မင်းကိုခေါ်နေတယ်!!!
မင်းအဖေ ShenZhenကို ရောက်နေတယ်တဲ့!!!"

လက်ထဲမှာ ဖုန်းတစ်လုံးကို ကိုင်ထားပြီး
ပါးစပ်ကနေလည်း အဆက်မပြတ်အော်ဟစ်ကာ
ChengChengရဲ့အိပ်ခန်းထဲကို
အသံပေါင်းစုံနဲ့ ဝင်ချလာသည်။

"ဟောင်ကောင်မှာ ရှိနေရမှာ မဟုတ်ဖူးလား
ဘာလို့လဲ !!! ChengCheng ! ChengCheng! ထပါဦး!"

ကုတင်ပေါ်မှာ ဘောင်းဘီတိုလေး တစ်ထည်နဲ့
အိပ်နေတဲ့ ChengChengရဲ့ ကျောကို
လှုပ်နှိုးတယ်။

Dating The Gangster Where stories live. Discover now