Dug Dug Dug Dug Dug Dug Dugဒီနေ့ ဇီဝဗေဒလက်တွေ့ချိန်။
နှလုံးပုံစံ ကြွက်သားအတုက ဆရာမစားပွဲပေါ်
မှာရှိတယ်။"ရှူ းးး ပါးစပ်တွေ ပိတ်ထားကျ!"
ဆရာမရဲ့ ပါးစပ်က တဒုတ်ဒုတ်အသံကို
ဟို လမ်းသရဲအဖွဲ့က လိုက်ပြောင်နေတယ်။ဆရာမက လှမ်းပြီးမာန်မဲလိုက်တာမို့
တဟီးဟီးလုပ်နေရာကနေ အဲ့အဖွဲ့ငြိမ်သွားတယ်။"မင်းတို့ရဲ့ နှလုံးခုန်သံကို နားထောင်ကြ"
ဆရာမက ရှေ့ကနေ အသံထွက်ပြနေတာနဲ့အညီ Kun Kunရဲ့ နှလုံးတွေကလည်း တဒုတ်ဒုတ်နဲ့။
ခဏကြာတော့ အတန်းလေးဟာ
ကိုယ်ပိုင် နှလုံးခုန်သံလေးတွေနဲ့ ငြိမ်ဆိတ်
သွားတယ်။ဆရာမရဲ့ တဒုတ်ဒုတ် ပါးစပ်ခုန်သံကလွဲလို့။"နှလုံးခုန်သံကို ခံစားပါ Dug Dug Dug~ "
Kun Kunလည်း လက်ဖဝါးနှစ်ဖက်ကို
ဘယ်ဘက်ရင်အုံပေါ်တင်ပြီး စိတ်ကို
အတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်နေမိတယ်။အဲ့ဒီ အချိန်မှာပဲ
T.T T.T T.T T.T T.T .T
ငြိမ်နေတဲ့ အတန်းကြီးလည်း လန့်သွားသလို
Kun Kunလည်း တုန်သွားတယ်။
ဆရာမရဲ့ အသံကြီးကတော့ ဟိန်းလို့ပေါ့ !"Cai XuKun!! မင်းရဲ့ ဘီပါကို
ပိတ်မထားဘူးဆိုရင် ငါရဲ့ အတန်းထဲက ထွက်သွားပါ!"အတန်းသားတွေကို Kun Kun မချိပြုံး ပြုံးပြ
လိုက်ရင်း အချိန်ကိုက် ထမြည်တဲ့ ဘီပါကို
ကျိန်ဆဲလိုက်တယ်။//မင်း ကိုယ့်ကို ဘယ်လိုမှ မချစ်နိုင်ဘူးဆိုတာ
ကိုယ်သိပါတယ် //အွန်?
//ဒါပေမယ့် ကျေးဇူးပြုပြီး မင်းကိုယ့်ကို မသိခဲ့သလိုမျိုးတော့ ဟန်မဆောင်ပါနဲ့လား//
what!!!
ဘီပါကနေ ဝင်လာတဲ့ စာတိုတွေက
Kun Kunကို မျက်လုံးပြူ းစေတယ်။T.T T.T T.T T.T
အဆက်မပြတ်မြည်လာတဲ့ ဘီပါကြောင့်
Kun Kun အလန့်တကြားနဲ့ ဆရာမကို
မော့ကြည့်လိုက်တော့ ဆရာမက မျက်ထောင့်နီကြီးနဲ့ Kun Kunကို စိုက်ကြည့်နေတယ်။
ŞİMDİ OKUDUĞUN
Dating The Gangster
Romantizmမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။