Unicode
ဘေးကကောင်လေးပြောပြနေတဲ့ သူ့အဖေနှင့် KunKunဆိုသူအကြောင်းကို နားထောင်နေတဲ့ ChengChengရဲ့မျက်နှာက အမူအရာမရှိ အေးစက်လို့နေတယ်။
"တော်တော့ တော်လိုက်တော့ .. ပုံပြင်ပြောနေတာတွေရပ်လိုက်တော့"
Minghaoဆိုတဲ့ကောင်လေးက သူ့ကိုမျက်လုံးလေးစွေကြည့်ပြီး မထီတထီပြုံးတယ်။
"အိုး သူ ခံစားနေရတာပဲ.."
ChengCheng ရုပ်တရက်ထရပ်ကာ Minghaoခေါင်းပေါ်မှာရှိနေတဲ့ ဘဲလ်ကိုနှိပ်လိုက်သည်။
"ကားဆရာ ရပ်ပါအုံး! ကားရပ်ပါအုံး သူကဆင်းချင်လို့တဲ့"
ကားဒါရိုက်ဘာကိုလှမ်းအော်ရင်း Minghaoကိုပါ လက်မောင်းကနေဆွဲကိုင်ထူလိုက်သည်။
"သူက အခုချက်ချင်းဆင်းချင်လို့တဲ့"
"ဟေး မဟုတ်ဘူး ကျွန်တော်မဆင်းဘူးနော်!"
Minghaoက သူ့ကိုပြန်အော်ပြီး သူ့လက်တွေထဲကနေပြန်ရုန်းထွက်တယ်။ တစ်ကားလုံးရဲ့အကြည့်တွေက ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဆီမှာ။
"သွားတော့ သွားစမ်း!"
"ခင်ဗျား ဘာဖြစ်နေတာလဲ!"
သူကဆွဲ Minghaoက ပြန်ဆွဲ....။ နောက်ဆုံး..။
"နှစ်ယောက်လုံးဆင်းစမ်း!"
စပယ်ယာက နှစ်ယောက်လုံးကို စားမလိုဝါးမလိုအကြည့်ကြီးနဲ့ကြည့်ပြီး သူတို့အထုတ်တွေကို လမ်းပေါ်ပစ်ချလိုက်တယ်။
"သွားလို့ရပြီ မောင်းတော့ဗျို့!"
အနီရောင်မှန်လုံကားကြီးက လမ်းမပေါ်မှာ သူတို့နှစ်ယောက်ကိုချန်ခဲ့ပြီး မောင်းထွက်သွားလေပြီ။
"ခင်ဗျားဘာလုပ်တာလဲ ရူးသွားတာလား!"
Minghaoက လမ်းပေါ်ကျနေတဲ့ အိတ်ကိုကောက်ပြီး သူ့ကို မကျေမနပ် အော်ပြောတယ်။ သူ့ကို ဒေါသထွက်နေသည်မှာ အသိအသာပင်။ ဒါပေမယ့် ChengCheng ဘာစကားမှမဆိုဘဲ ထိုနေရာကနေထွက်လာလိုက်သည်။
ဒါပေမယ့် စိတ်ညစ်ဖို့ကောင်းလောက်အောင် ထိုကောင်လေးကသူ့နောက်ကနေ ပါလာဆဲ။
ESTÁS LEYENDO
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။