ChengCheng
ကြက်ကြော်တစ်တုံးကို ကောက်ယူပြီး သူ့ရှေ့ကကောင်လေးအမှတ်နဲ့ တကိုက် ကိုက်လိုက်တယ်။မျက်နှာချင်းဆိုင်က
ကောင်လေးကတော့ ChengChengရဲ့
မီးတောက်လုလု မျက်ဝန်းတွေကို မသိကျိုးကျွံ
ပြုကာ နောက်ထပ်ကြက်ကြော် တစ်တုံးကို
လက်လှမ်းလိုက်တယ်။သူတို့အခု လေဆိပ်နားက KFCဆိုင်ကို
ရောက်နေကျတာ ဖြစ်တယ်။
ဒီကို ရောက်နေတာ နာရီဝက်လောက်ရှိနေပြီ
ဖြစ်ပေမယ့် ကောင်လေးက စကားတစ်ခွန်းမှ
မဟသေးဘူး။ကြက်ကြော်ကိုသာ တစ်တုံးပြီးတစ်တုံး
အဝတွယ်နေတယ်။
လက်ချောင်းတွေကိုလည်း ပြွတ်ခနဲ မြည်အောင် စုပ်လိုက်သေးရဲ့။စိတ်ပျက်စရာ -.-
ကြက်ကြော်ကို လက်နှစ်ဖက်နဲ့ အားရပါးရ
ဖဲ့စားနေတဲ့ ကောင်လေးက အခုမှ သူ့ကို
သတိပြုမိသွားသလို ပြုံးစစနဲ့ မျက်ခုံးပင့်ကြည့်
လာတယ်။"ဘာလို့ စိုက်ကြည့်နေတာလဲ မြှူ စွယ်နေသလိုပဲ ကျွန်တော် ခင်ဗျားဆီမှာ ကျဆုံးတော့မှာပဲ ဟိ!"
ပလုပ်ပလောင်းနဲ့ ပြောနေတဲ့စကားကလည်း
ဘာအဓိပ္ပါယ်တွေမှန်း မသိ -.-"ခင်ဗျား ကျွန်တော့်ကို မိအောင် ဖမ်းနိုင်တာ
ကံကောင်းတာပဲ! ဘာလို့လဲဆိုတော့ ကျွန်တော်က ခင်ဗျားညီ မဟုတ်ဖူး အွီးး"တစ်ရှှုးစတွေကို ဆွဲထုတ်ပီးလက်ကိုသုတ်နေတဲ့
ကောင်လေးရဲ့ မျက်မှန်က ရင်ဘတ်ကနေ
အောက်က ပန်းကန်ထဲကိုလျှောကျလာတယ်။
ငြိမ်ငြိမ်မှ မထိုင်တာ! လှုပ်ခတ်နေတာ !"ဓာတ်ပုံထဲက အမျိုးသားက ဘယ်သူလဲ?"
"အိုးးး ခင်ဗျားသိချင်နေပီလား?"
လေသံကိုလည်း နားကြားပြင်းကပ်လောက်အောင် ပြောသေးတယ်။
"အာ လက်လွန်သွားပီ!"
အချဉ်ရည်တွေ အများကြီးစမ်းမိသွားတဲ့အထိ
လူကလည်း နမော်နမဲ့နိုင်သေးသည်။
ဒီနေ့အတွက် သက်ပြင်းချရပေါင်းလဲ များပြီ။"မင်း ငါ့အချိန်တွေဖြုန်းနေတာကို ရပ်ပေးနိုင်မလား ! ဓာတ်ပုံထဲက အမျိုးသားက
ဘယ်သူလဲ ?"............................................................
$%'--4:;:*-=8=;%
ရှေ့က မြင်ကွင်းကိုကြည့်ပြီး Cai XuKun
တစ်ယောက် စိတ်ရှုပ်လှပြီ။
ဘယ်တက္ကသိုလ်က ဒီလောက်ရိုင်းစိုင်းတဲ့
ကျောင်းသားတွေ ရှိနေတာတုန်း။
KAMU SEDANG MEMBACA
Dating The Gangster
Romansaမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။