"Ummmmmmm Arrrrr!"လက်တစ်ဖက်ကိုချုပ်ကိုင်ခံထားရသည့်အပြင်
မေးရိုးကိုပါ ထိန်းကိုင်ထားခံရသေးသည်။
လှုပ်မရ ပြုမရဖြစ်နေတဲ့ Kun Kun
တစ်ယောက် နှုတ်ခမ်းတွေကြားထဲကနေ
အော်နိုင်သလောက် အော်ကာ ကျန်လက်တစ်ဖက်နဲ့ Wang ZiYiကို ထုရိုက်
ကုတ်ဖဲ့ပစ်လိုက်သည်။Kun Kunရဲ့ ပါဝါထူထူမျက်မှန် လေးထောင့်
ကြီးကတောင် တွန်းထိုးရုန်းကန်မှုများကြား
ကျွတ်ကျသွားလေသည်။စာအုပ်တွေနဲ့
တဘုန်းဘုန်းထုရိုက်ပြီးတဲ့နောက် Wang ZiYiက အဲ့လက်တစ်ဖက်ကိုပါ ခပ်ကြမ်းကြမ်း
ဆုပ်ကိုင်လိုက်ပြီး Kun Kunရဲ့ မျက်နှာပေါ်
သူ့မျက်နှာကို ထပ်ချပလိုက်သည်။မြင်ကွင်းကား အတော်လေးလှနေပေပြီ။
မျက်လုံးပေါင်းစုံရဲ့ အကြည့်တွေကို Kun Kun
မမြင်ရပေမယ့် ခံစားနေရသည်။
ZhengTingလည်း ဘယ်ရောက်သွားသည် မသိ။"သူ ဘယ်နားမှာလဲ?"
နားနားက လေသံတိုးတိုးက Kun Kun တစ်ယောက်ပဲ ကြားနိုင်တဲ့ လေသံ။
"ဘယ်သူလဲ ?"
"Kun Kun!"
ဟင် ?
"ကျွန်တော်လား?"
"MeiKunကို ပြောတာ >_<"
>< ><
Wang ZiYiရဲ့ လက်မောင်းတွေကြားထဲကနေ
Kun Kun ပတ်ဝန်းကျင်ကို တချက်ရှိုးလိုက်သည်။မိန်းကလေး MeiKunကို
သူ သိပ်မရှာလိုက်ရပါ။လူကြားထဲ ထင်းကနဲနေအောင် လှတဲ့ MeiKunက
သူတို့နဲ့မလှမ်းမကမ်းမှာ။လူအားလုံးအံ့သြော
မင်တက်နေတဲ့ Kun Kunတို့ ရိုက်ကွင်းကို
မမြင်သလို ပုံနဲ့။"သူ ကြည့်နေလား?"
အခုမှ Wang ZiYiရဲ့ လုပ်ရပ်ကို
Kun Kun နားလည်သွားသည်။
သူဟာ MeiKunသူ့ကို ဂရုစိုက်လာအောင်
Kun Kunကို အသုံးချလိုက်တာမျိုးပေါ့။မိန်းကလေးတစ်ယောက်နဲ့အတူ
MeiKunကတော့ ထွက်သွားပေပြီ။
ဒီနားတစ်ဝိုက်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက
သူမနဲ့ ဘာမှ မသက်ဆိုင်နေသလိုမျိုး။
DU LIEST GERADE
Dating The Gangster
Romantikမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။