Unicode
နောက်တစ်နေ့မှာ Ziyiက Kun Kunကို Beauty Salon တစ်ခုဆီခေါ်သွားတယ် ။ ခုံပေါ်ဝင်ထိုင်ပြီး ရှေ့ကိုမှန်ကိုကြည့်လိုက်ရင်းမှ Kun Kunက ယုံကြည်ချက်မရှိတဲ့ လေသံနဲ့
"ဒီအကြံမကောင်းလောက်ဘူးနော်"
Ziyiက ဘာမှမပြောဘဲ Kun Kunဝတ်ထားတဲ့ မျက်မှန်ကျိုးကိုဆွဲချွတ်တယ် ။ Kun Kunက ပြန်လုပြီး နှစ်ယောက်သား ဆွဲလိုက်လုလိုက်ဖြစ်နေကြတုန်း အသံပြာပြာနဲ့ လူတစ်ယောက် သူတို့နားကိုရောက်လာသည် ။ သူက Ziyiကိုမြင်တော့ ဝမ်းသာအားရနဲ့
"Ziyi... မလာတာကြာလိုက်တာ "
ထိုသူက Kun Kunကိုပါ ရင်းရင်းနှီးနှီးနှုတ်ဆက်တယ် ။
"ဟယ်လို "
ခုံပေါ်မှာ ငုတ်တုတ်လေးထိုင်နေတဲ့ Kun Kunရဲ့ ဆံပင်လိပ်ကောက်ကွေးကိုပါ ကိုင်ကြည့်ပြီး သူက
"သူကဘယ်သူလဲ? သူ့ဆံပင်က တော်တော်ဆိုးရွားတာပဲ"
Ziyiက ထိုလူရဲ့မှတ်ချက်ကို သဘောကျသလိုပြုံးတယ် ။
"သူက Kun Kunတဲ့ ကျွန်တော့်ချစ်သူပါ"
Ziyiရဲ့ အဖြေကိုကြားတော့ ထိုလူက အံ့အားသင့်သွားတဲ့ပုံနဲ့
"ဟင် သူကလည်း Kun Kunပဲလား"
သူက Meikunကိုလည်း သိတဲ့သူပဲဖြစ်ရမယ် ။ Kun Kunအနေရခက်စွာနဲ့ မဝံ့မရဲပြန်နှုတ်ဆက်လိုက်သည် ။
"ဟိုင်း"
ထိုလူကတော့ ပြန်နှုတ်ဆက်တာ ပြုံးပြုံးရွှင်ရွှင်ပါပဲ ။
"ဟယ်လို"
"ဒါဆို ကျွန်တော်ထားခဲ့မယ်နော် ၊ ပြီးမှ ပြန်လာခဲ့လိုက်တော့မယ် "
"ဟုတ်ပြီ အေးဆေးသာ သွားနားလိုက်"
Ziyiက ထိုလူကိုနှုတ်ဆက်ပြီးထွက်သွားတယ် ။ ထိုလူက Kun Kunရဲ့ ဆံပင်တွေကို နောက်တစ်ကြိမ်ထပ်ကိုင်လိုက်တယ် ။
"ဆံသားကခြောက်ပြီး မာနေလိုက်တာ "
Kun Kunကတော့ သွားလေးဖြီးပြရုံမှတစ်ပါး ။
......................................................
အထုတ်တွေတပွေ့တပိုက် ဆွဲလာတဲ့ Ziyi ၊ Beauty Salonရဲ့ မှန်တံခါးချပ်ကြီးကိုတွန်းဖွင့်ဝင်လာတယ် ။ Kun Kunက ဆံပင်ကိစ္စပြီးပြီ ။ Kun Kunရဲ့ အရင် ပုံမလာပန်းမလာ ဆံပင်လိပ်ကောက်ကွေးတွေမရှိတော့ဘူး ။ အဖြောင့်အုပ်အုပ်လေးနဲ့ ပျော့စင်းနေတဲ့ ဆံပင်လေးက နေရာယူသွားပြီ ။
VOCÊ ESTÁ LENDO
Dating The Gangster
Romanceမှန်ကန်တဲ့ အချိန်မှာ အချစ်စစ်ကို ရှာတွေ့ခြင်းက ကံကောင်းခြင်းပါပဲ တဲ့။