[Unicode]
Jaehyun [POV:]
"ကလင်"
(တံခါးဖွင့်ခေါင်းလောင်းမြည်သံ)"ကြိုဆိုပါတယ်"
"ဟုတ်ကဲ့"
ကျွန်တော်တို့ ငါးယောက်လုံးသံပြိုင် ပြန်ပြီးနှုတ်ဆက်လိုက်တယ်။"ဪ lucas ပြောထားတဲ့ စာလာလုပ်မယ်ဆိုတဲ့ကျောင်းသားတွေထင်တယ်"
"nae!! ဟုတ်ပါတယ် ကျွန်တော်က lucas ရဲ့ ညီ ten ပါခင်ဗျာ့ အကိုကပဲဒီဆိုင်ကိုညွှန်းလိုက်တာပါ"
"ဟုတ်ပါပြီ စာလုပ်မှာဆိုတော့ ဟိုးအတွင်းခန်းထဲထိဝင်သွားလိုက်နော် အဲ့မှာမှ လူအများကြီးဆန့်မှာ"
"ဟုတ် လွယ်အိတ်တွေချပြီးမှပဲ စားစရာလာမှာတော့မယ်"
"ရပါတယ် ကြိုက်သလိုလုပ်ပါ"
ကျွန်တော်တို့လဲ ဆိုင်ရှင်အကိုပြောတဲ့အတိုင်းအတွင်းထဲထိဝင်သွားလိုက်တော့ အခန်းလိုဖွဲ့စီးထားတဲ့ စားပွဲဝိုင်းကြီးကြီးနဲ့ဝိုင်းတစ်ဝိုင်းကိုတွေ့တယ်။
ဂျော်နီကအရှေ့ကနေ အရင်ဝင်သွားတယ်။
"ဒီနေရာထင်တယ်""အွန်း ဟုတ်မယ် ဒီလိုဆိုတော့လဲမဆိုးပါဘူး ဆိုင်ရှင်ကလဲသဘောကောင်း ငါတို့လဲစာကောင်းကောင်းလုပ်လို့ရမယ်လေ"
"Ten မင်းအကိုနဲ့ ဆိုင်ရှင်အကိုနဲ့ကဘာတော်တာလဲ"
"ဘာမှမတော်ပါဘူး"
"အဲ့ဒါဆို သူကဘယ်လိုလို့ ဒီလိုလမ်းကြားထဲကဆိုင်ကိုသိတာလဲ"
"ဪ ငါ့အကိုပြောတာတော့ သူ့သူငယ်ချင်းဆိုင်တဲ့"
"အဲ့တာဆို မင်းအကိုနဲ့ဆိုင်ရှင်အကိုနဲ့က သူငယ်ချင်းတွေပေါ့"
"ဟုတ်မှာပေါ့"
"ကဲ မင်းအကိုနဲ့ဆိုင်ရှင်အကိုကို အမျိုးစပ်နေတာတွေတော်လိုက်ပါတော့ ဒါနဲ့စာလုပ်မဲ့အချိန်မရှိပဲနေလိမ့်မယ်"
ဂျော်နီနဲ့tenတို့အမျိုးစပ်နေချိန် ဒိုယောင်းက စိတ်မရှည်တော့လို့ထပြောလိုက်တယ်။
"ဟုတ်ပါပြီ ကိုဒေါသရယ် အရင်ဆုံးထိုင်ကြရအောင်"
ဂျော်နီပြောပြီးတော့ ကျွန်တော်တို့အားလုံး စားပွဲဝိုင်းဆီဝင်ထိုင်လိုက်ကြတယ်။
ကျွန်တော့်ဘေးမှာသူလာထိုင်တယ်။
ကျွန်တော်ကသူဒိုယောင်းနဲ့အတူတူထိုင်မယ်ထင်ထားတာ။
ဒိုယောင်းကတော့ tenနဲ့ဂျော်နီ့ဘေးကိုရောက်သွားတယ်။
မျက်နှာတော့မကောင်းနေဘူး သူကျွန်တော့်ကိုမကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်နေသလိုခံစားရတယ်။
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.