Part.19

37 7 0
                                    

[Unicode]

"ဆေးကဘယ်နားမှာလဲ"

"အဲ့ဒီ့စားပွဲပေါ်မှာရှိတယ်"

ဆန်ပြုတ်ကျွေးပြီးသွားလို့ဆေးတိုက်ဖို့ဆေးရှာနေတာဖြစ်တယ်။
ဆန်ပြုတ်ကိုတော့ကုန်အောင်သောက်သားပဲ။

"ရော့ ဆေးသောက်လိုက်အုံး"

"အင်း"

ဆေးယူပေးပြီးသူ့လက်ပေါ်တင်ပေးကာ ရေခွက်လှမ်းပေးလိုက်တယ်။

"ဂျေဟွန်းက(Diarrhea)ဝမ်းပျက်ဝမ်းလျှောဖြစ်တာလား"

"အင်းလေ ဘယ်လိုသိတာလဲ ကိုယ်မပြောမိပါဘူး"

"ဆေးထဲမှာ Loperamide (Imodium) pills တွေ့လိုက်လို့
မဟုတ်မှလွဲရော မနေ့ကညစာကြောင့်လား"

"မဟုတ်ပါဘူး ဒီတိုင်း..."

"ဘာကိုမဟုတ်ရမှာလဲ မှန်နေတာပဲ ဂျေဟွန်းကအပြင်စာတွေမစားဖူးဘူးမလား ကျွန်တော့်ကြောင့်နဲ့ဂျေဟွန်းနေမကောင်းဖြစ်ရတယ်"

"ထယ်ယုံး ကိုယ့်ကြောင့်နဲ့မင်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား"

"အဲ့လိုတခါမှမဖြစ်ဖူးပါဘူး"

"ကိုယ်လည်းအဲ့လိုပဲမင်းကြောင့်ဆိုပြီးကိုယ်တခါမှစိတ်အနှောင့်အယှက်မဖြစ်ဖူးဘူး အဲ့ဒါကြောင့် နေမကောင်းတာကကိုယ့်ဘာကိုအားနည်းလို့ဖြစ်ရတာမင်းကြောင့်မဟုတ်ဘူး ကိုယ်ပြောတာကိုနားလည်တယ်မလား"

"အင်း"

"ဒါနဲ့ မင်းကဘယ်လိုလုပ်ပြီး (Imodium) ကိုကြည့်လိုက်တာနဲ့သိတာလဲ"

"ကျွန်တော်ကဆေးတွေအကြောင်းစိတ်ဝင်စားလို့လိုက်ရှာဖြစ်တယ်လေ အဲ့တာကြောင့်သိတာ"

"ဪ အဲ့တာဆို ကိုယ့်ချစ်သူလေးကအထက်တန်းအောင်ပြီးရင်ဆေးကျောင်းတက်မှာပေါ့"

"တက်တော့တက်ချင်တာပေါ့ ဒါပေမယ့်..."

"ဒါပေမယ့်တွေလုပ်မနေနဲ့ ထယ်ယုံးဆေးကျောင်းတက်ကိုတက်ရမယ် ကိုယ်ရအောင်လုပ်ပေးမယ်"

"အင်း"

ထယ်ယုံးရဲ့ရည်မှန်းချက်ကို ကျွန်တော်မသိခဲ့ဘူး။
အခုတော့ရှင်းရှင်းလင်းလင်းသိသွားခဲ့ရပြီ။
မင်းရဲ့ရည်မှန်းချက်ကိုကိုယ်ကရအောင်လုပ်ပေးမယ် ထယ်ယုံး။

White NIGHT { Jaeyong } Ongoing Where stories live. Discover now