[Unicode]
"အိမ်ပြန်ရောက်ပါပြီ"
"မေမေက သားဒီ့ထက်နောက်ကျမယ်လို့ထင်ထားတာ ပြန်လာတာစောသားပဲ"
"စောဆို သူငယ်ချင်းတွေနဲ့အစီအစဉ်ကပျက်သွားလို့လေ ဒီတိုင်းဂျေဟွန်းနဲ့ပဲညစာစားပြီးပြန်လာခဲ့လိုက်တာ"
"သားမေမေ့ကိုပြောစရာတခုခုများရှိလား"
မေမေငါ့ကိုများသတိထားမိသွားတာလား။
ငါနဲ့ဂျေဟွန်းအကြောင်းကို။"ဘာ..ဘာလို့လဲမေမေရဲ့"
အတတ်နိုင်ဆုံး ရုပ်ကိုအီနိုးဆန့်ရုပ်ပြောင်းပြီးမေးလိုက်တယ်။"ဘာမှမဟုတ်ပါဘူး သားကြည့်ရတာ ဒီနေ့အရမ်းပျော်နေတဲ့ပုံပေါ်နေလို့ မေးကြည့်တာပါ"
အမယ်လေးတော်ပါသေးရဲ့ မေမေမသိသေးဘူးပဲ။"ဪ အဲ့ဒါက စာမေးပွဲပြီးသွားလို့ပါမေမေရဲ့ ဟီးး"
"ဟုတ်ပါ့ ဒီအတောအတွင်းမေမေ့သားလေးပင်ပန်းသွားပြီ ရေချိုးပြီးစောစောနားလိုက်တော့"
"ဟုတ်ကဲ့ မေမေ။အဲ့ဒါဆိုသားအပေါ်တက်တော့မယ်နော်"
"အင်း"
🌱
တကိုယ်လုံးပျော့ဖတ်ပြီးအိပ်ယာပေါ်ကကိုမထနိုင်ဘူး။
သေချာတာတော့ ဒီနေ့ကျောင်းမသွားနိုင်လောက်ဘူး။"သားလေးနိုးပြီလား ဘယ်လိုနေသေးလဲ"
"သက်သာနေပါပြီ မာမီရဲ့"
"အဲ့ဒါကြောင့် မာမီကသားကိုအပြင်စာတွေမစားနဲ့လို့ပြောတာကိုနားမထောင်ဘူး"
ဟုတ်ပါတယ် မနေ့ကအစားအသောက်ကြောင့်ဝမ်းပျက်ဝမ်းလျှောဖြစ်သွားပုံပဲ။
ညည့်နက်လောက်ရောက်မှ ဗိုက်ထိုးအောင့်နာလာလို့ မာမီ့ကိုပြောတော့ Family Doctor ခေါ်ပေးတယ်လေ။
Dr.ပြောပုံအရ အပြင်စာစားမိလို့ဖြစ်တာပါတဲ့။ဘာမှစိုးရိမ်စရာမရှိပါဘူးလို့ပြောပြီးဆေးတွေပေးသွားခဲ့တယ်။"မာမီကလည်း သားက,စားကြည့်ချင်လို့ပါ"
"သားက,စားချင်ပေမယ့် သားအစာအိမ်ကမှလက်မခံနိုင်တာ နောက်,စားချင်ရင် မာမီကိုယ်တိုင်အိမ်မှာလုပ်ပေးမယ်"
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.