Part.9

41 7 0
                                    

[Unicode]

Song Recommend-{LANY-ILYSB}

Jaehyun [POV:]

ကျွန်တော်တို့ 5:30 လောက်ရောက်တော့စာလုပ်တာရပ်ပြီး ပြန်ဖို့ပြင်ဆင်ကြတယ်။
တစ်‌ယောက်နဲ့တစ်ယောက်ကပြန်ရမဲ့နေရာတွေမတူတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲပြန်ဖို့လုပ်ကြတယ်။
ကျွန်တော်ကတော့ အိမ်က ဒရိုက်ဘာကို ဖုန်းခေါ်ပြီးပြီဖြစ်တယ်။
Johnny နဲ့ ten ကတော့ taxiငှားပြီးနှစ်ယောက်အတူပြန်ကြမယ်လို့‌ပြောပြီး တန်းပြန်သွားကြတယ်။
ဒို‌ယောင်းနဲ့ထယ်ယုံးကတော့ ဆိုင်ရှေ့မှာစကားပြောနေသေးတာနဲ့ သူတို့ဆီကိုသွားလိုက်တယ်။

"ဒိုယောင်းနဲ့ထယ်ယုံးကအတူတူပြန်ကြမှာလား"

"ဟင့်အင်း အိမ်ကတစ်လမ်းဆီပဲ သူက taxi နဲ့ပြန်မယ်လို့ပြောတယ်။
ကျွန်တော်လဲ taxi ပဲငှားပြီးပြန်မှာ ဂျေဟွန်းကရော"

ကျွန်တော်တို့ ဆိုင်ကနေ လမ်းမရောက်တဲ့အထိ လမ်းလျှောက်ရင်းနဲ့စကားပြောနေကြတယ်။
ကျွန်တော်တို့စကားဝိုင်းထဲကိုတော့ ဒိုယောင်းဝင်မလာခဲ့ပါ။

"ကျွန်တော်က အိမ်ကကားကိုခေါ်ထားပြီးပြီ"

"ဝါးး အားကျလိုက်တာနော်"

"ကျွန်တော့်ဘဝက ဘာမှအားကျစရာမရှိပါဘူးဗျာ"

"ဘာလို့မရှိရမှာလဲ ရုပ်လည်းချောတယ် စာလည်းတော်တယ် ချမ်းလည်းချမ်းသာတယ် ပြီးတော့ မိဘအစုံအလင်လည်းရှိတယ်လေ ဒီလောက်အားကျစရာကောင်းတဲ့ဘဝကြီးကိုပိုင်ဆိုင်ထားတာကို"

ပြောရင်းဆိုရင်းနဲ့ ကျွန်တော်တို့ရှေ့ကို taxi တစ်စီးရောက်လာခဲ့တယ်။
ဒိုယောင်းလက်လှမ်းတားလိုက်၍ဖြစ်သည်။

"ထယ်ယုံး မင်းအရင်ပြန်နှင့်လိုက် ငါနောက်တစ်ကားစောင့်လိုက်မယ်"

သူက ထယ်ယုံးကိုတော်တော် ဂရုစိုက်တယ် အမြဲတမ်းဦးစားလည်းပေးတယ် ဒါတွေက သူငယ်ချင်းမို့လို့ ဆိုပြီးတော့ ထယ်ယုံးကို လိမ်သလိုမျိုး မင်းငါ့ကိုလိမ်လို့မရဘူး ဒိုယောင်း
ငါလည်း ထယ်ယုံးကိုချစ်နေတဲ့ သူပါပဲ မင်းရဲ့ပုံစံကိုကြည့်လိုက်တာနဲ့ မင်းသူ့အပေါ်မှာ သူငယ်ချင်းထက်ပိုနေတယ်ဆိုတာငါခံစားမိတယ်။

White NIGHT { Jaeyong } Ongoing Where stories live. Discover now