Song recommended _ [ Enchanted by Taylor swift]🌻🌻
နှစ်ဆုံးစာမေးပွဲပြီးပြီနောက် ....
Uniဝင်ခွင့်ရဖို့အတွက် မနားတမ်းကြိုးစားနေရလို့ jaeနဲ့မတွေ့ဖြစ်တာ တော်တော်ကြာသွားပြီ။
သူလည်း သေချာပေါက် စာပဲလုပ်နေရမှာပေါ့။
မတွေ့ဖြစ်ပေမယ့် ရင်ထဲမှာအမြဲရှိနေတာကိုတော့ တစ်ယောက်သောသူကိုသိစေချင်ရဲ့။
ဒီရက်ပိုင်းအလုပ်များနေမှာသိလို့ ဖုန်းလည်းမဆက်ဖြစ်ဘူး။
အခုတောင်စာလုပ်နေတာနဲ့ ည၁၁တောင်ခွဲနေပြီ။
📲📲📲
မမြည်တာကြာတဲ့ဖုန်းသံကြောင့်တစ်ချက်တော့လန့်သွားမိလေရဲ့။
သူငယ်ချင်းတွေကအစ Uniအတွက်စာလုပ်နေရတာကြောင့် ဖုန်းမပြောဖြစ်ကြတာတောင် နှစ်ပတ်လောက်ရှိပြီ။
ချစ်ရသူနဲ့ဆိုပိုဆိုး... ခါတိုင်းလို အိပ်ခါနီးတိုင်း "Good night " ပြောချင်တာတောင် ပြောခွင့်မရပေဘူး။
မျှော်ရသူလည်ရှည်နေပေမယ့် ပေါ်လာလို့တော်ပါသေးရဲ့။
ချစ်ရသူခေါ်တဲ့ဖုန်းလေးကို ကောက်ကိုင်လိုက်တယ်။
"ဟယ်လို~~"
"ဟယ်လို ကိုယ့်ရဲ့yongလေး စာတွေလုပ်ရလို့ပင်ပန်းနေပြီလားဗျ"
"ဘယ်လိုခေါ်လိုက်တာလဲ.... မတွေ့တာကြာတော့ ပုံစံတောင်ပြောင်းနေပြီပဲ ...jaeက"
"မပြောင်းပါဘူး ကိုယ်က yongပင်ပန်းနေမှာစိုးလို့ ချစ်စနိုးနဲ့ပြောင်းခေါ်လိုက်တာ yongမကြိုက်ရင်ကိုယ်မခေါ်တော့ပါဘူး "
"ခေါ်လို့ရပါတယ် တမျိုးလေးမို့လို့..... ဟီးး"
"ကိုယ် yong ကိုအရမ်းလွမ်းနေတာ သိရဲ့လား ...
စာတောင်လုပ်လို့မရဘူး စာလုပ်ရင်းနဲ့တောင် စာအုပ်ပေါ်လေးမှာ yong မျက်နှာလေးကပေါ်ပေါ်လာတာ""လွမ်းတာကလွမ်းလို့ရတယ်လေjaeရဲ့ ဒါပေမယ့် စာလုပ်လို့မရလောက်တဲ့အထိတော့ မလွမ်းနဲ့လေ... Yongကြောင့်နဲ့ အနှောင့်အယှက်ဖြစ်နေပါ့အုံးမယ်"
"Yongကြောင့် ကိုယ်ဘယ်တုန်းကမှ အနှောင့်အယှက်မဖြစ်ဖူးပါဘူး.... နောက်အဲ့လိုမပြောနဲ့နော်..."
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.