အဲ့ဒီ့နေ့က............
FLASHBACK 🚨
ချစ်ရသူနဲ့တွေ့ဖို့ ချိန်းတဲ့နေရာကိုရောက်လာခဲ့တယ်။
ခွဲခွာရမှာကိုကြိုသိနေခဲ့တော့ စိတ်ကသွားဖို့ငြင်းဆန်နေခဲ့တယ်။
ငယ်ရွယ်သေးတဲ့အချိန်တွေမှာ အချစ်ကိုပဲရူးမိုက်စွာလိုချင်မိကြတယ်မဟုတ်လား။
ကျွန်တော့်ကိုတော့ အချစ်အတွက်သတ္တိမရှိတဲ့သူလို့အပြစ်ပြောကြမလား?
ပြောကြပါစေ။
တကယ်ကိုပဲ ကျွန်တော်ကကျွန်တော့်မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့သူပါ။
ဒီနေ့က ချစ်ရသူနဲ့လမ်းခွဲရမယ့်နေ့ဖြစ်လာခဲ့တယ်။
မင်းကိုယ့်ကိုနားလည်နိုင်ဖို့မျှော်လင့်ပါတယ် ဆိုယုံးနား...........။ရေပြင်ကျယ်ကြီးဘေးက ခုံတန်းမှာ ချစ်သောသူရောက်လာဖို့သာစောင့်နေတော့တယ်။
ဒီနေ့ကျမှ အရာအားလုံးကအရင်ကထက် ပိုပြီးတိတ်ဆိတ်နေသယောင်။
ရေကန်ထဲကရေတွေရယ်၊ မြက်ခင်းစိမ်းတွေရယ်၊ နေရောင်ခြည်ဖြဖြလေးရယ်၊ ခုံတန်းဘေးကအရိပ်ရတဲ့သစ်ပင်ကြီးရယ်၊ တစ်ချက်ချက် နှလုံးသားထဲထိတိုးဝှေ့သွားတတ်တဲ့ လေပြေလေးတွေရယ်၊ ပြီးတော့ မင်းရယ်။အားလုံးကို.....ကိုယ်စွန့်လွှတ်ရတော့မယ်.......။
"ကို ရောက်နေတာကြာပြီလားဟင်"
ချစ်ရသူက အရင်ကထက်တောင်ပိုလှနေသလိုပဲ။
စိတ်ပဲထင်တာလား တကယ်ပဲလား။
စွန့်လွှတ်ရမယ့်သူပီပီ နှမြောမိပြန်ပြီကွာ။"ဟင့်အင်း သိပ်မကြာသေးပါဘူး ဆိုယုံးရဲ့"
"ကိုယ်မင်းကိုပြောစရာ-"
"ဆိုယုံး ကို့ကိုပြောစရာ-""ဪ ဟီးး ကို အရင်ပြောလိုက်"
မင်းလည်းကို့ကိုပြောစရာရှိနေခဲ့တာလား။
ငါပြောမယ့်စကားတော့ ဟုတ်လောက်မယ်မထင်မိဘူး။
မင်းလေးက ဒီနေ့မှ ပိုပျော်နေသလို။"မဟုတ်တာ ဆိုယုံးအရင်ပြောပါ ဒီနေ့အရမ်းပျော်နေသလိုပဲနော်"
"အွန်း ပြောမယ် ဒါမဲ့ ကိုအရင်ပြောရမယ် ပြော....ဆိုယုံးကို ကို ဘာပြောချင်တာလဲ"
*ဟွန်းးး(သက်ပြင်းချသံ)
"ကို ဘာလို့သက်ပြင်းချတာလဲ"

YOU ARE READING
White NIGHT { Jaeyong } Ongoing
Hayran Kurgu(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.