ဈေးတန်းထဲတွင်......
"ဟားဟား ဟုတ်တယ် သူငယ်ချင်းတွေဖြစ်ကြတာမဆန်းပါဘူး နှစ်ယောက်လုံးကအချောလေးတွေပဲ"
"ဟုတ်ပါ့ အခုခေတ်ကလေးတွေက တော်တော်ချောကြတယ်လေ ကိုယ်တွေခေတ်တုန်းကနဲ့များကွာပ"
ထယ်ယုံးအမေရဲ့ ပြောစကားကို ဈေးသည်အန်တီကြီးက လှိုက်လှိုက်လှဲလှဲပြန်ပြောနေလေရဲ့။
"ဟုတ်မယ်နော် ဟားဟား"
ဈေးထဲမှာဆို ommaနဲ့မသိတဲ့သူဆိုတာ မရှိသလောက်ရှားပဲလေ။
တစ်ဈေးလုံးနဲ့ရင်းနှီးတဲ့ omma က အခုလည်းသူ့မိတ်ဆွေဖြစ်တဲ့ ပင်လယ်စာတွေရောင်းတဲ့အန်တီကြီးနဲ့စကားကျနေလေရဲ့။
အထူးအဆန်းတွေပြောနေကြတာမဟုတ်ပေမယ့် တဟားဟားရယ်ကာ သဘောကျနေကြတော့ တချို့လူတွေတောင်ကြောင်ကြည့်သွားတာခံရသေးတယ်။ကျွန်တော်နဲ့ jaeနဲ့ကတော့ ဆိုင်နဲ့ခပ်လှမ်းလှမ်းမှာ ရပ်နေရင်း omma ဈေးဝယ်ပြီးဖို့ကိုသာစောင့်နေတော့တယ်။
"Yong ..."
"ဟင်.."
"Ommaပြောတာကို ကိုယ်တကယ်စိတ်ပူတယ်နော် သိလား ရည်မှန်းချက်တွေပြည့်ဝအောင်ကြိုးစားတာတော့ဟုတ်ပါပြီ ကျန်းမာရေးထိခိုက်အောင်အထိတော့ မလုပ်သင့်ဘူးလေကွာ"
"မလုပ်ပါဘူး jaeရဲ့။
Ommaအကြောင်းလည်း jaeသိတာပဲ တစ်ခါတစ်လေဆိုပိုလွန်းတယ်လေ။""ကျစ်* yong ......
Ommaက yongကိုစိတ်ပူလို့ပြောတာကို အဲ့လိုမပြောရဘူးလေ""အာာာ ဟုတ်ပါပြီ တစ်နေကုန် ဒါကြောင့်ပဲဆူခံနေရတယ်။ ဒီနေ့တွေ့ဖို့လာတာ ဆူဖို့လားဟင် "
ပြောလိုက်ရင် မျက်နှာငယ်ပုံလေးက လုပ်ပြီးသားပဲ။
ဒီကလေးတစ်ယောက်လည်း မပြောရင်မပြောသလို ဆိုးချင်နေတော့တာပဲ။"သားတို့ စောင့်ရတာအရမ်းကြာသွားလား"
"သိပ်မကြာပါဘူး ရပါတယ် omma"
"ရော့ သားအတွက်"
Ommaက သူဝယ်လာတဲ့ပင်လယ်စာတွေထဲက လတ်ဆက်လှတဲ့ ဂဏန်းတစ်ထုပ်နဲ့ရေဘဝဲတစ်ထုပ်ကို jaeကို လက်ဆောင်ပေးနေလေရဲ့။
![](https://img.wattpad.com/cover/261232450-288-k214574.jpg)
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.