[Unicode]
စာမေးပွဲပထမနေ့.....
စာမေးပွဲခန်းအပြင်တွင်.......
"မင်းကောင်းကောင်းလုပ်နိုင်မှာပါ"
"အင်း မင်းရောပဲ ကောင်းကောင်းဖြေခဲ့"
"ထယ်ယုံး အခန်းထဲဝင်ရအောင်"
ဒိုယောင်းရဲ့စကားတစ်ခွန်း။"အင်း"
"ဝင်တော့လေ ကိုယ်လဲဝင်တော့မယ် ဖြေပြီးမှတွေ့မယ်"
"အင်း"
အခန်းမတူတော့ မင်းကိုဖြေနေတဲ့အချိန်အတွင်းမတွေ့နိုင်ဘူး။
နှစ်ဝက်စာမေးပွဲဆိုပေမယ့် ဒီအမှတ်က final exam အပေါ်အများကြီးသက်ရောက်မှုရှိတယ်။
မင်းကောင်းကောင်းဖြေနိုင်ပါစေ ထယ်ယုံး။
ကိုယ်ဆုတောင်းပေးနေတယ်။
.
.
."ကဲ အချိန်ပြည့်ပြီ ရေးနေတဲ့လက်စတွေရပ်လိုက်တော့ အတန်းခေါင်းဆောင်ကအဖြေလွှာတွေလိုက်ကောက်လိုက်"
"ဟုတ်ကဲ့ ဆရာ"
ဂျော်နီက အဖြေလွှာတွေအားလုံးကောက်ပေးပြီး ဆရာ့ကိုပေးလိုက်တယ်။
ဆရာက အဖြေလွှာတွေကိုရေပြီးတော့...
"အင်း အားလုံးသွားလို့ရပြီ"အခန်းအပြင်ထွက်လိုက်တော့ သူလည်းဘေးအခန်းကနေထွက်လာတယ်။
တစ်ယောက်ကိုတစ်ယောက်ပြုံးပြရင်း...
"ဖြေနိုင်လား"
တူညီတဲ့မေးခွန်းတစ်ခုတည်းကို နှစ်ယောက်လုံးပြိုင်တူမေးလိုက်မိတယ်။
ဒါကိုစိတ်ချင်းဆက်တယ်လို့ခေါ်မလား။"အင်း ဖြေနိုင်တယ် မင်းရော"
"ကိုယ်လည်းဖြေနိုင်တယ်"
"ထမင်းသွားစားကြမလား"
"အင်း ကောင်းသားပဲဂျော်နီ ငါတို့ငါးယောက်လုံးမဆုံဖြစ်တာကြာပြီမလား"
ဟုတ်တယ်။
သူငယ်ချင်းငါးယောက်လုံးမဆုံဖြစ်တာကကြာနေပြီလေ။ထမင်းဗန်းကိုယ်ဆီနဲ့ စားပွဲတစ်ခုမှာငါးယောက်လုံးအတူတူထိုင်ကြတယ်။
ကျွန်တော့်ဘေးမှာဒိုယောင်း။
မျက်စိရှေ့မှာတော့ ကျွန်တော်ချစ်ရတဲ့သူရှိနေလေရဲ့။
ဂျော်နီကဂျေဟွန်းဘေးမှာထိုင်တယ်။
Tenကတော့ကျွန်တော့်ဘေးမှာဂျော်နီနဲ့မျက်နှာချင်းဆိုင်ပေါ့။
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfic(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.