Part.20 {One}

42 7 0
                                    

[Unicode]

"ထယ်ယုံး ကိုယ်တို့လျှောက်လည်ရအောင်"

ကျောင်းစာကြည့်တိုက်ထဲမှာလာပြောနေတာဖြစ်တယ်။စာကြည့်တိုက်မို့တိတ်ဆိတ်နေတော့ ဂျေဟွန်းအသံကမကျယ်ပင်မဲ့ပြတ်သားစွာကြားနေရတယ်။

တွဲတာမကြာသေးပင်‌မဲ့ First Date ကိုတော့လုပ်သင့်နေပြီမလား။
ဂျေဟွန်းဘက်ကသွားဖို့လာပြောပေမယ့် ဂျေဟွန်းကအခုမှနလန်ထကာစလေ၊တနေကုန်လည်ပြီးပြန်ဖျားသွားရင်ဘယ်လိုလုပ်မလဲ။
အဲ့တာကြောင့် ဂျေဟွန်းတောင်းဆိုမှုကိုမငြင်းချင်ပေမယ့်....
"ဂျေဟွန်းကနေပြန်ကောင်းတာမကြာသေးဘူးလေ"

"အဲ့ဒါဘာဖြစ်လဲ ပိတ်ရက်လေးရတုန်းလေ နောက်ပိတ်ရက်တွေကျရင်လည်လို့မရလောက်တော့ဘူး စာမေးပွဲကြီးအတွက်ပြင်ဆင်ရတော့မယ်မလား"

"အင်း အဲ့တာလည်းဟုတ်သားပဲ။"

ဂျေဟွန်းပြောတာ မှန်ပါတယ်။နောက်ပိတ်ရက်တွေမှာစိတ်လေဖို့တောင်အချိန်မရှိတော့ဘူးလေ။
စာမေးပွဲကြီးဆိုတာက အနှေးနဲ့အမြန်ရောက်လာတော့မှာ။
အဲ့တော့....
"အင်းပါ လည်ကြမယ်လေ"

"ကိုယ်ဖုန်းခေါ်လိုက်မယ်နော်"

"အင်း"

ညရောက်တော့ဖုန်းဆက်ပြီး ဘယ်သွားချင်လဲလို့ ကျွန်တော့်ကိုမေးတယ်။
ကျွန်တော်က ဂျေဟွန်းသွားချင်တဲ့နေရာကိုရွေးပါလို့ပြောတော့
"ကိုယ်တို့ Amusement parkကိုသွားရအောင်"တဲ့။
ကျွန်တော်လည်း"အင်း အဲ့ဒီ့ကိုပဲသွားကြတာပေါ့"လို့ပြန်ပြောခဲ့တယ်။
ဘယ်အချိန်မဆို ကျွန်တော်တို့စကားပြောပြီးလို့နှုတ်ဆက်ကြတိုင်း ဂျေဟွန်းကကျွန်တော့်ကိုချစ်တယ်လို့အမြဲပြောလေ့ရှိတယ်။
သူချစ်တယ်လို့ပြောတိုင်းလည်း ကျွန်တော်"အင်း"လို့ပဲပြန်ဖြေမိတယ်။
ဒါကရိုးရင်းတဲ့အဖြေတစ်ခုမဟုတ်လား။
သူ့အချစ်ကိုကျွန်တော့်နှလုံးသားကခံစားမိသလို သူလည်းကျွန်တော့်အချစ်တွေကိုတစ်နည်းနည်းနဲ့ခံစားမိဖို့မျှော်လင့်ပါတယ်။

🌱

ချိန်းတိုင်းဘယ်တော့မှနောက်မကျတတ်တဲ့ ‌ဂျေဟွန်းကတော့ ရောက်နှင့်နေပြီး ထိုင်ခုံတစ်ခုမှာထိုင်စောင့်နေတယ်။
သူ့အနားကိုသွားလိုက်ပြီး သူ့ကိုလှမ်းခေါ်လိုက်တယ်။
"ဂျေဟွန်း!"

White NIGHT { Jaeyong } Ongoing Where stories live. Discover now