{Song recommend- It's you by Jeong Sewoon.}
[Unicode]
မရပ်တန့်သွားပဲပိုပြီးနီးကပ်လာတာကြောင့် ကျွန်တော့်မျက်လုံးအစုံကိုမှိတ်ချလိုက်တယ်။
အချိန်တော်တော်ကြာတဲ့အထိ ဘာအထိအတွေ့မှမခံစားရတာကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတယ်။
သူကျွန်တ်ော့အလွန်မှာထားထားတဲ့ရေဘူးကိုယူပြီးသောက်နေလေရဲ့။
ဪ...သူကရေဆာနေလို့တံတွေးမြိုချလိုက်တာလား
အရူးပဲ ထယ်ယုံးမင်တကယ်ရူးနေတာပဲ
ဖွင့်မပြောရသေးတဲ့သူကိုဘယ်သူက နမ်းမှာလဲလို့။
ဘယ်ယိုပဲဖြစ်ဖြစ် ကျွန်တော်သူနဲ့ဆိုရင်အရာအားလုံးကိုဖြတ်ကျော်ရဲတယ်။
ရင်ဆိုင်ရဲတယ်။
သူ့ဘက်ကသာကျွန်တော့်ကို လောကကြီးနဲ့ဝေးရာကိုယ်တို့ထွက်ပြေးကြရအောင်လို့ပြောလာခဲ့ရင် ကျွန်တော်တွေဝေမှာမရှိပဲလိုက်သွားမိမှာ။
ဟုတ်တယ် ကျွန်တော်သူ့ကိုအဲ့လောက်တောင်ချစ်မိနေပြီ။
.
.
.
ကျွန်တော့်ရဲ့ ထိန်းချုပ်မရတော့တဲ့စိတ်ကြောင့် သူ့ဆီတဖြေးဖြေးတိုးသွားမိတယ်။
အသက်ကိုပြင်းပြင်းရှူနေတဲ့သူ့ရင်အုံလေးကဖောင်းလိုက်ပိန်လိုက်နဲ့။
ကိုယ်အခုရင်တွေပေါက်ထွက်မတတ်ခုန်နေတယ် Yong ရယ်....
မင်းရောကိုယ်လိုခံစားမိပါ့မလား?
အရမ်းနီးကပ်သွားတဲ့အခိုက် သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကိုမှိတ်ချပစ်လိုက်တယ်။
ဒါက Love sign တစ်ခုမှာဆိုရင် 'သူ့ကိုနမ်းပါ' လို့ခွင့်ပြုပေးလိုက်တာပဲ။
ကျွန်တော်သူ့ဆီကခွင့်ပြုချက်ရခဲ့ပေမယ့် မနမ်းဖြစ်ခဲ့ပါ။
ကျွန်တော်သူ့ကိုချစ်တာထက် မြတ်နိုးလွန်းတဲ့စိတ်ကြောင့်မနမ်းရက်ခဲ့ဘူး။
ကျွန်တော်နမ်းလိုက်လို့ပန်းလေးညိုးသွားခဲ့ရင် ကျွန်တော်ရင်ကျိုးရချည်ရဲ့။
ကျွန်တော်မလုပ်ရက်ပါ။
ကျွန်တော်သူ့ကိုအဲ့လောက်ထိတန်ဖိုးထားတယ်။အဲ့တာနဲ့ပဲ သူ့ဘေးမှာထားထားတဲ့ရေဘူးကိုယူပြီးသောက်လိုက်တော့တယ်။
"ကိုယ်ရှင်းပြတာနားလည်တယ်မလား အဲ့တာဆိုကိုယ့်ဘာကိုတွက်လိုက်တော့နော်"
"အင်း"
ကျွန်တော်လဲကိုယ့်နေရာကိုပြန်ထိုင်ပြီး စာပြန်လုပ်လိုက်တော့တယ်။
![](https://img.wattpad.com/cover/261232450-288-k214574.jpg)
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.