[Unicode]
ဒီနေ့က တနင်္လာနေ့ဖြစ်လို့ကျောင်းပြန်တက်ရတယ်။
Jaeနဲ့ First Dateကအရမ်းပျော်ခဲ့ရလို့ အဲ့နေ့ညကအိပ်တောင်မပျော်ခဲ့ဘူး။
Jaeကအိမ်မက်ထဲထိတောင် လိုက်လာသေးတယ်။
မင်းငါ့နှလုံးသားကိုတော်တော်စိုးမိုးနိုင်တာပဲ ဂျေဟွန်း။"ဒီနေ့အစောကြီးရောက်နေတာပဲ"
ဒိုယောင်းကျွန်တော့်ကိုစကားလာပြောတာဖြစ်တယ်။
"အော အင်း"
သေချာစဉ်းစားကြည့်တော့ အဲ့နေ့ကိစ္စဖြစ်ပြီးကတည်းက ဒိုယောင်းကကျွန်တော့်ကိုရှောင်နေခဲ့တာပါ။
အခုကျတော့ သူမဟုတ်တဲ့အတိုင်းအရင်ကလို စကားတွေလာပြောနေတယ်။ကျွန်တော့်စားပွဲခုံပေါ်တက်ထိုင်လိုက်ပြီး...
"စိမ်းကားသွားတယ်နော်"တဲ့။အဲ့တာကမင်းမဟုတ်ဘူးလား။
ဒိုယောင်း...
ငါ့အထင်အရ မင်းငါ့ကိုစိမ်းကားသွားခဲ့တာလေ။
မင်းငါ့ကိုထားခဲ့တာ။
မင်းငါ့ကို သူငယ်ချင်းအဖြစ်မပေါင်းတော့တာ။"ငါ့ဘက်ကတော့မဟုတ်ခဲ့ဘူးထင်တယ်"
"ဟင်းး မတွေ့ရတဲ့နေ့လေးအတွင်းမှာ မင်းတော်တော်စကားတတ်လာတာပဲ"
ဒိုယောင်းကခပ်သဲ့သဲ့ရယ်ပြီး ကျွန်တော့်ခေါင်းကိုပုတ်လာတယ်။
ကျွန်တော်သူ့မျက်လုံးတွေကိုသာ စိုက်ကြည့်နေခဲ့တယ်။
ဘာလို့ ငါ့အကြည့်တွေကိုရှောင်သွားရတာလဲ?"စာမေးပွဲကောင်းကောင်းဖြေနိုင်ခဲ့တယ်မလား ဒီနေ့ အမှတ်စာရင်းပေးမယ်ဆိုလို့"
"အင်း မင်းရော"
"ငါကအဲ့လိုစိုးရိမ်စရာလိုလို့လား"ဟုပြောပြီး သူ့စားပွဲခုံဖြစ်တဲ့ကျွန်တော့်အနောက်ကခုံမှာထိုင်လိုက်တယ်။
"မင်းငါ့ကိုနောက်ထပ်ပြောစရာမရှိဘူးလား"
ကျွန်တော်နောက်လှည့်ပြီးမေးလိုက်တယ်။"မရှိပါဘူး ဘာလို့လဲ"
"ဘာမှမဟုတ်တော့ဘူး"လို့သူ့ကိုပြောပြီး
ပြုံးပြပြီး အရှေ့ကိုပြန်လှည့်လာခဲ့လိုက်တယ်။ဘယ်လိုပဲပြောပြော တော်တော်ထူးဆန်းနေတယ် ဒိုယောင်းက။
အရင်ကဒိုယောင်းဆို ပြန်ချော့မှခေါ်တတ်တဲ့အမျိုးပါ။
မချော့မချင်းတော့ တင်းခံပြီးကောက်နေအုံးမှာပဲ။
အခုက တစ်ခုခုတော့တခုခုပဲ။
ငါတောင်ပြန်မချော့ရသေးပဲနဲ့ငါ့ကိုပြန်ခေါ်တယ်ဆိုတာက ဖြစ်နိုင်ပါ့မလား။
.
.
.
.
.
ထမင်းစားချိန်ရောက်တော့လည်း အရင်ကလိုပဲကျွန်တော်နဲ့အတူတူလာထိုင်တယ်။
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfiction(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.