[Unicode]
ကျွန်တော့်ပါးပေါ်မှာပြေးလွှားနေတဲ့သူ့လက်တွေ....
ကျွန်တော်တောင်းတမိတယ် သူ့ဆီကဒီ့ထက်ပိုတဲ့ထိတွေ့မှုတွေကို။
ငါတို့အမြန်နီးစပ်ဖို့အတွက် မင်းရှေ့ဆက်တိုးဖို့လိုတယ် ဂျေဟွန်း။
သူရဲ့ ဝင်သက်ထွက်သက်တွေကိုခံစားမိနေတယ်။
ဒီအခြေအနေဆို ကျွန်တော်တို့ဘယ်လောက်ထိနီးကပ်နေမလဲဆိုတာ ကျွန်တော်တွေးကြည့်လို့ရပါတယ်။
မကြာလိုက် နူးညံ့တဲ့အထိအတွေ့လေး .....
ကျွန်တော့်နဖူးပေါ်ကိုဖြတ်ပြေးသွားတဲ့အခိုက်အတန့်......တစ်ဘဝစာသိမ်းထားလိုက်တော့မယ်။
ပြီးတော့ စောင်ကိုရင်ဘက်ပေါ်ထိဆွဲပြီးခြုံပေးတယ်။
သူ့ဘက်ကငြိမ်သွားလို့ မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တယ်။ဟီးးး
သူကျွန်တော့်ဘက်ကိုလှည့်ပြီးအိပ်နေတယ်။"ဂျေဟွန်း ငါမင်းကိုချစ်တယ်"
တီးတိုးစွာပြောလိုက်မိတဲ့စကားတစ်ခွန်း......
သူ,မကြားသွားဖို့မျှော်လင့်ပါ၏။
.
.
.
.
.
နွေးနေတယ် ခန္တာကိုယ်တစ်ခုလုံး။
ငှက်အော်သံတွေကြားနေရတော့ ဒါမိုးလင်းနေပြီပဲ။
မျက်လုံးနှစ်ဖက်ကိုပွတ်သပ်ပြီး ဖွင့်လိုက်တယ်။
ရင်ခွင်ကျယ်ကြီးတစ်ခု။ဘာလဲ! ငါကအခုသူ့ရင်ခွင်ထဲမှာအိပ်နေတာလား?
သေချာပြန်ကြည့်လိုက်တော့ တကယ်ပဲ ကျွန်တော်သူ့ရင်ခွင်ထဲမှာအိပ်နေခဲ့တာပဲ။
သူလဲကျွန်တော့်ကိုဖတ်ထားခဲ့တယ်။
အခုသူ့လက်တွေကကျွန်တော့်ခါးပေါ်မှာ။
သူ့ရဲ့နောက်လက်တစ်ဖက်ကကျွန်တော့်ခေါင်းအောက်မှာရောက်နေတယ်။
သူညောင်းနေလောက်ရောပေါ့။
ကျွန်တော်ထဖို့ကြိုးစားကြည့်တယ်။
ကျွန်တော့်ခါးပေါ်ကသူ့လက်ကို အရင်ဖယ်ရမယ်။
ဖြေးဖြေးချင်းမ,ရွှေ့တော့ သူလှုပ်လာတယ်။"အင်းးးး"
ညည်းညူသံနဲ့အတူကျွန်တော့်ကိုပိုလို့တောင်ဖတ်လိုက်သေးတယ်။ကျွန်တော်တံတွေးတစ်ချက်မြိုချလိုက်ပြီး လက်ကိုဖယ်ဖို့ထပ်ကြိုးစားကြည့်တယ်။
ဒီတစ်ခေါက်တော့သူနိုးလာတယ်။
သူကျွန်တော့်ကိုငုံ့ကြည့်လာတယ်။အိပ်ချင်မူးတူးဖြင့်။
YOU ARE READING
White NIGHT { Jaeyong } Ongoing
Fanfic(Unicode) "မင်းငါ့ကိုချစ်လို့မရဘူးလေ jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." (Zawgyi) "မင်းငါ့ကိုချစ်လို့မရဘူးလေ Jae ရဲ့" "ဘာလို့လဲ yongရဲ့?" "မင်းလဲသိတာပဲ မင်းနဲ့ငါက..." ခက်ခက်ထွန်း/KAtt.