Part.17

37 7 0
                                    

[Unicode]

"ဘာ!!!
ချစ်တယ်တဲ့လား"

"ဒိုယောင်း မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

"မင်းတို့ကရောဒီမှာနှစ်ယောက်တည်းဘာလုပ်နေတာလဲ"

"ဟို...အဲ့တာက ဒိုယောင်း...
ငါမင်းကိုမပြောပြခဲ့မိဘူး ဂျေဟွန်းငါ့ကိုဖွင့်ပြောထားတာကို ငါသူ့ကိုဒီနေ့အဖြေပြန်ပေးမယ်လို့ပြောထားတာ"

"အဲ့တာဆို အဖြေက....
မင်း....သူ့ကိုချစ်တယ်ပေါ့"

"အင်း ငါသူနဲ့ရှိနေရရင်ကိုပျော်တယ် ရှေ့လျှောက်လည်းငါသူ့အနားမှာပဲနေချင်တယ်"

"ငါကရော!!....
မင်းအနားမှာအမြဲတမ်းရှိနေပေးခဲ့တဲ့ငါကရော!! မင်းအတွက်ဘာလဲ"

"ဒိုယောင်း မင်းဘာတွေပြောနေတာလဲငါနားမလည်တော့ဘူး မင်းကငါ့ရဲ့သူငယ်ချင်းလေ"

"ဘယ်သူငယ်ချင်းကမင်းဘေးနားမှာနှစ်တွေအကြာကြီးအနွံနာခံနေမှာလဲ!!!
အဲ့ဒါက....
ငါမင်းကို...
မင်းကို..ငါချစ်နေလို့"

ဒိုယောင်း မင်းအချိန်အခါမှားပြီးဖွင့်ပြောနေတာပဲ။
မင်းသူ့ဘေးမှာအချိန်တိုင်းရှိနေခဲ့ပေမယ့် သူ့နှလုံးသားကိုနားလည်ဖို့မင်းမကြိုးစားခဲ့ဘူး။
မင်းသူ့ကိုချစ်ပေမယ့် သူမင်းကိုချစ်လာအောင်မလုပ်နိုင်ခဲ့ဘူး ဒိုယောင်း။
ဒီပွဲကအပြတ်အသတ်ဆိုပေမယ့် မင်းလည်းမရှုံးခဲ့သလိုငါလည်းမနိုင်ခဲ့ဘူး။
သူ့စိတ်ထဲမှာမင်းကနေရာယူပြီးသားဆိုပေမယ့် သူ့အတွက်မင်းက 'သူ ငယ် ချင်း' ပဲတဲ့။

"ဒိုယောင်း....
ငါနားမလည်တော့ဘူးဟာ ဒါကနောက်စရာမဟုတ်ဘူး"

"ငါ့ပုံစံကနောက်နေတဲ့ပုံပေါ်လို့လား!
မင်းဘေးမှာငါတချိန်လုံးရှိနေခဲ့တာတောင် မင်းကဘာလို့သူ့ကိုလဲ!!! ဘာလို့ငါမဟုတ်ရတာလဲ(sob)"

"....."

"ဘာလို့လဲလို့ ငါမေးနေတယ်လေ!!! ထယ်ယုံး!!! ဘာလို့လဲ!!!"

ကျွန်တော်ပုခုံးနှစ်ဖက်ကိုလှုပ်ရမ်းပြီးတော့ အတင်းပဲမေးနေတော့တယ်။
သူ့မေးတဲ့မေးခွန်းအတွက်ကျွန်တော့်မှာဖြေစရာမရှိခဲ့ဘူး။
ဒါပေမယ့် ကျွန်တော်သူ့ကိုချစ်ခဲ့လားလို့မေးရင် ဟင့်အင်း တစ်ခါမှ...
ကျွန်တော်သူ့ကိုမချစ်ခဲ့ဘူး။
သူဟာကျွန်တော့်ဘဝရဲ့အလိုအပ်ဆုံးသူတစ်ယောက်။
အရေးကြီးဆုံးသူတစ်ယောက်ဆိုလည်းဟုတ်တယ်။
ကျွန်တော်ဝမ်းနည်းနေတဲ့အချိန်တိုင်းမှာသူကျွန်တော့်ဘေးနားမှာရှိနေပေးခဲ့တယ် ဘယ်သူမှကျွန်တော့်အနားမရှိခဲ့တဲ့အချိန်တွေမှာပေါ့...
ကျွန်တော်သူ့ကိုလိုအပ်ပေမယ့် အဲ့ဒါကသူ့ကိုချစ်တယ်လို့မဆိုလိုဘူးလေ။
သူကကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်း။

White NIGHT { Jaeyong } Ongoing Where stories live. Discover now