Part.13

41 6 0
                                    

[Unicode]

ဒီနေ့ကုမ္ပဏီမှာလုပ်စရာတွေပုံနေလို့အိမ်ကနေစောစောထွက်ခဲ့လိုက်တယ်။

ကုမ္ပဏီရောက်တော့ လာရာလမ်းမှာဝန်ထမ်းတချို့နှုတ်ဆက်ကြတယ်။

အခန်းထဲဝင်လိုက်ချင်း ရလာတဲ့အနံ့အသက်ကစိတ်ကိုကြည့်နူးစေတယ်။

"ဒါကအခန်းဖြန်းဆေးအနံ့ပဲ"

"ဟုတ်ပါတယ်။ ဒုဥက္ကဌ"

"မင်းအလုပ်ကိုအစောကြီးလာတာလား"

"မစောပါဘူး ကျွန်တော်အစွန့်နကမှရောက်တာပါ ပြီးတော့ ကျွန်တော်က ဒုဥက္ကဌရဲ့ Secretary ဆိုတော့ ဒုဥက္ကဌ မ‌ရောက်ခင်အရင်ရောက်သင့်တယ်မလား"

"ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာစောရောက်တာကကောင်းချီးတစ်ခုပဲ မင်းတော်တယ် Mark"

"ဒုဥက္ကဌဘာစားပြီးပြီလဲဗျ ကျွန်တော်ဘာလုပ်ပေးရမလဲ"

"Coffee တစ်ခွက်သွားဖျော်ခဲ့ပေး"

"ဟုတ်ကဲ့"
.
.

ဒုဥက္ကဌက Coffee ဖျော်ခိုင်းလို့ထွက်လာခဲ့ပေမယ့် ကိုယ်က Coffee မသောက်တဲ့သူ‌ဆိုတော့ ဘယ်ကနေဘယ်လိုစဖျော်ရမှန်းမသိဘူး။

"Coffee လား"

"ဗျာ"

"Coffee သောက်ဖို့လာတာမလား"

"ကျွန်တော်သောက်ဖို့မဟုတ်ဘူး စီအီးအို‌ဂျောင်က ဖျော်ခိုင်းလို့"

"မဟုတ်မှလွဲရော စီအီးအို‌ဂျောင်မနေ့ကမှခန့်လိုက်တဲ့ ဝန်ထမ်းအသစ်မလား"

"ဟုတ်တယ်ဗျ ဘယ်လိုလုပ်သိတာလဲ"

"ဒီကုမ္ပဏီမှာကျွန်တော်မသိတာဘာမှမရှိဘူး နောက်လဲသိချင်တာရှိရင်ကျွန်တော့်ကိုလာမေးလို့ရတယ်"

"ဟို စီအီးအိုဂျောင်ကဘယ်လို coffee မျိုးကိုကြိုက်တာလဲဗျ သူ့ကိုမမေးခဲ့ရလို့"

"ပြောရရင်..အင်းမ်း... အဲ့တာတော့ ကျွန်တော်လဲမသိဘူး ဒါပေမယ့် လူတိုင်းကြိုက်နိုင်တဲ့ Coffee ဖျော်နည်းကိုကျွန်တော်သိတယ်"

မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလာတဲ့ အညိုလုံးလေး။
ဘယ်လိုလေးမှန်းမသိဘူးကွာ ဆရာကလဲလုပ်သေးတယ်။
ချစ်စရာကောင်းတာတော့အမှန်ပဲ။

White NIGHT { Jaeyong } Ongoing Where stories live. Discover now