ƤAƦƬ ①

41.7K 1.1K 32
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

ကျွန်တော့်ရဲ့ ငယ်ဘဝကို ခြောက်လန့်နေတဲ့ အတွေးဆိုး တစ်ခုရှိတယ်။ အဲ့ဒီအတွေးက ဘာလဲဆိုတော့ ကျွန်တော်ဟာ ဘယ်လိုပုံစံမျိုးနဲ့ သေဆုံးရမလဲ ဆိုတာပဲ။ အမြဲတမ်း မတွေးဖြစ်ပေမယ့် သတိရတဲ့အခါတိုင်း တွေးနေမိပြန်တယ်။

မွေးဖွားလာပြီးရင် သေဆုံးရမှာ သဘာဝဖြစ်ပေမယ့်
ကျွန်တော် အဆင်သင့်မဖြစ်​သေးခင် ပျက်စီးသွားရမှာ အရမ်းပဲ ကြောက်မိပါတယ်။ လူတွေဟာ ကိုယ်ကြောက်တဲ့ အရာတွေနဲ့ပဲ အမြဲကြုံဆုံရတတ်တာ သဘာဝလား မသိပါဘူး။

တကယ်တမ်း သေခြင်းတရားနဲ့ လက်တွေ့ကြုံကြိုက်လာတဲ့အခါမှာတော့ သေတာထက် ပိုဆိုးတဲ့ အခြေအနေတွေကို မျက်ဝါးထင်ထင် မြင်တွေ့လာခဲ့ရတယ်။ ဘယ်အချိန်ကတည်းကစပြီး ရှုပ်ထွေးခဲ့တယ် မသိပေမယ့် ကျွန်တော် သတိထားမိတဲ့အချိန်မှာ တော်တော်လေးကို နောက်ကျနေပါပြီ။

နှလုံးသားနဲ့ ရွေးတဲ့ အဖြေကို လက်မခံနိူင်သလို ဦးနှောက်က ချမှတ်တဲ့ ဆုံးဖြတ်ချက်အတွက်လဲ အဆင်သင့်ရှိမနေခဲ့တဲ့ကျွန်တော်။ ယုံကြည်ပေးခဲ့မိတဲ့ အခြေအနေတစ်ခုဟာ မျက်စိရှေ့မှာပဲ အလုံးစုံ ပြောင်းလဲသွားတော့ လက်ခံနိူင်တဲ့ ဦးနှောက်ဟာ နှလုံးသားရဲ့အလိုဆန္ဒကို မဆန့်ကျင်နိူင်ခဲ့ဘူး။

ဝေခွဲရခက်သော ဒွိဟတွေနဲ့ပဲ မနွေးထွေးတော့တဲ့ လက်တစ်စုံအတွက် ရှေ့ဆက်တိုးဖို့ လမ်းကိုပဲ ရွေးချယ်ခဲ့မိတယ်။

ဘာလို့လဲလို့ မေးလာရင် ဖြေစရာအဖြေက တစ်ခွန်းတည်းပဲရှိပါတယ်။

တစ်သက်မှာ တစ်ခါပဲ ဖြစ်တည်ခဲ့တဲ့ ချစ်ခြင်းမေတ္တာကို
ထိုလူသားနဲ့ပဲ စတင်ပြီး ထိုလူသားနဲ့ပဲ အဆုံးသတ်ချင်လို့ပါ။

▁▁▂▂▂🦋▂▂▂▁▁

မန္တလေးမြို့ရဲ့ဆောင်းရာသီက ပြင်ဦးလွင်နဲ့ ယှဥ်လျှင် အများကြီး အချမ်းပေါ့သည်။ ချိန်းထားတဲ့ဆိုင်ကို ရောက်တော့ ခန့်ဦးသာနဲ့ ခိုင်ဖြူတို့ စုံတွဲက ကြိုတင်ပြီး ရောက်နှင့်နေကြပြီ။ ခန့်ဦးသာက သူ့ရဲ့စတိုင်အတိုင်း ဆွယ်တာ အပြာရောင်လေးကို ဂျင်းပင်နဲ့ တွဲဝတ်ထားကာ ခိုင်ဖြူကတော့ မြန်မာဆန်ဆန် ဝတ်ဆင်ထားပြီး ခါးလယ်လောက်ရှိတဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ကာ ချထားသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now