ƤAƦƬ ⑱

5.3K 313 40
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

အဆက်မပြတ်မြည်နေသော ဖုန်း Ringtone သံက နားထဲကို ဝင်လာတာကြောင့် မျက်လုံးမဖွင့်သေးဘဲ ဖုန်းမြည်သံကြားရာဆီသို့ လက်နဲ့လှမ်းယူကာကြည့်လိုက်တော့ Unknown Number ဆိုတဲ့စာတန်းလေးက ဖုန်းပေါ်မှာနေရာယူထားလေသည်။

နေ့လည်စာစားပြီး အပေါ်ထပ်မှာအလုပ်လုပ်နေတုန်း ကိုမိုးခမ်းဖျော်လာပေးသောကော်ဖီကို သောက်ပြီးနောက် တစ်ချိုးတည်းအိပ်ပျော်သွားတာ အခုမှနှိုးတော့သည်။ နာရီကိုကြည့်လိုက်တော့ ညနေ လေးနာရီပင်ခွဲလေပြီ။ သူတော်တော်လေး အိပ်ပျော်သွားတာပဲ။

ဖုန်းက Answer Button ကိုဆွဲပြီးနောက် နားပေါ်တင်ကာ မျက်လုံးလေးမှိတ်ပြီး ဇရက်မင်းစည်းစိမ်ကို ဆက်လက်ခံစားနေလိုက်သေးသည်။

"ဟုတ်ကဲ့ မင်းသွင်မိုး စကားပြောနေပါတယ်.."

☏︎ မင်းမှာ အန္တရာယ်ရှိနေပြီ ☏︎

ဩရှရှနဲ့ပီပြင်လှစွာ ဟိန်းကနဲထွက်လာသောအသံကြောင့် မျက်လုံးများပင် ပြူးကြောင်လာလေသည်။ တစ်ယောက်ယောက်က ဖုန်းဆက်ကာနောက်နေသည်ထင်၍ ဖုန်းချလိုက်ရန်စဥ်းစားမိသော်လည်း မသိစိတ်ကြောင့် ဆက်ပြီးကိုင်ထားမိလိုက်သည်။

"ဘယ်သူလဲ ဘာကိစ္စလဲ"

☏︎ မင်းမှာ အသက်အန္တရာယ်ရှိနေတယ်လို့ပြောတာတောင် ငါဘယ်သူလဲဆိုတာကိုပဲ စိတ်ဝင်စားနေတုန်းလား... ကိုယ့်ကိစ္စကိုပဲအာရုံစိုက်... ငါဘယ်သူလဲ မင်းသိစရာမလိုဘူး ☏︎

ကိုယ်နဲ့ မသိဖူးမမြင်ဖူးတဲ့သူက ဘလိုင်းကြီး သတိပေးစကားတွေလာပြောနေတာကတော့ နည်းနည်းတော့ အူကြောင်ကြောင်နိူင်လွန်းလှပေမယ့် အစစအရာရာသတိထားနေရသောအခုလိုအချိန်မှာ ထိုသူ၏​ပြောစကားကို လွယ်လွယ်လျစ်လျူရှုပြီးမနေနိူင်ပေ။

"ဘယ်သူက ကျွန်တော့်အတွက်အန္တရာယ်ရှိတာလဲ"

☏︎ မိုးခမ်း ☏︎

"ဘာ... ကိုမိုးခမ်း ဟုတ်လား..."

ကိုမိုးခမ်းက သူ့အတွက် အန္တရာယ်ရှိတဲ့လူတစ်ဦးတဲ့လား။ ရင်ထဲအသည်းထဲကနေ ငုံထားမတတ်ချစ်မြတ်နိုးရသော ဒီလူသားက သူ့ကိုဘေးဥပါဒ်ဖြစ်စေမတဲ့လား။ တော်တော်ရီစရာကောင်းလှသော ပျက်လုံးတစ်ခုလိုပင်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Hikayelerin yaşadığı yer. Şimdi keşfedin