ƤAƦƬ ⑦

9.6K 518 39
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

လောကမှာ ကိုယ်တန်ဖိုးထားမြတ်နိုးရတဲ့သူတွေကို ကာကွယ်ဖို့ကြိုးစားကြတဲ့အခါ နည်းလမ်းအမျိုးမျိုးသုံးကြလေ့ရှိတယ်။ တစ်ချို့က တစ်ဖက်သားကို သွေးပူစွာတုံ့ပြန်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ကာ ကိုယ်တန်ဖိုးထားရတ​ဲ့လူကို ကာကွယ်ကြတယ်။ တစ်ချို့က ခေါင်းအေးအေးထားစဥ်းစားပြီး ကိုယ်တန်ဖိုးထားရတဲ့သူအတွက် ထိခိုက်မှုအနည်းဆုံးလမ်းကိုပဲ ရွေးပြီးကာကွယ်ကြတယ်။ တစ်ချို့က သည်းခံခြင်းလမ်းစဥ်ကိုပဲရွေးပြီး ပြဿနာကို ရှောင်တိမ်းခြင်းဖြင့်ပဲ ကာကွယ်ကြတယ်။

ပုံမှန်ဆိုလျှင် သူက ဒုတိယအမျိုးအစားထဲမှာပါဝင်သည်။ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့စဥ်းစားပြီးမှသာ အကောင်းဆုံးအဖြေကို ရှာလေ့ရှိပေမယ့် အကြောက်တရားတွေနဲ့ပြည့်နေသော ကိုမိုးခမ်းရဲ့မျက်ဝန်းတွေကို တွေ့လိုက်ရတဲ့အချိန်မှာတော့ သူရဲ့စဥ်းစားတွေးခေါ်နိူင်တဲ့ဉာဏ်ရည်က  အောက်ဆုံးအဆင့်ကို ရောက်ရှိသွား​​ေလသည်။

တက္ကသိုလ်တက်နေတုန်းကတောင် တစ်ခါမှရန်မဖြစ်ဖူးခ​ဲ့တဲ့ သူ့လိုလူမျိုးက အခုလို လူတွေအများကြီးရှိတဲ့ Public Areaကြီးမှာ လူတစ်ယောက်ကို ဆွဲထိုးမိလိုက်ခြင်းသည် နည်းနည်းတော့ ထူးဆန်းနေမည်။

"အကို အဆင်​ပြေလား"

ပုခုံးလေးကို အသာလေးဖွကိုင်ကာ လှုပ်လိုက်မှ သတိပြန်ဝင်လာဟန်ဖြင့် သူ့ကိုကြည့်နေသော ကိုမိုးခမ်းရဲ့မျက်ဝန်းတွေက ထိတ်လန့်မှုအပြည့်။ အခက်အခဲ အကြပ်အတည်း တစ်ခုခုနှင့်ရင်ဆိုင်ရသောကြောင့် နေလောင်ပန်းကဲ့သို့ ငြိုးငယ်ရိပ်များ၊ ထိတ်လန့်ကြောက်ရွံ့ဟန်များ ကိုမိုးခမ်း၏ မျက်နှာတွင် အထင်းသားမြင်နေရသည်။

"အဟက်... မင်းသားက ရောက်လာတာမြန်သားပဲ... ဘယ်လိုလဲ ကိုယ့်လူ... လက်စွမ်းပြလှချည်လား"

နောက်ကထွက်ပေါ်လာတဲ့ ခနဲ့တဲ့တဲ့အသံကြောင့် ထိုပုဂ္ဂိုလ်ကို သတိပြန်ရသွားသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now