ƤAƦƬ ⑪

7.9K 405 34
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

လွန်ခ​ဲ့သောမိနစ်ပိုင်းလောက်ကမှ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောအခန်းလေးဟာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။

"ကိုလင်းမောင်.. ကိုလင်းမောင်"

ထိတ်လန့်တုန်လှုပ်နေသောစိတ်ကို အတတ်နိူင်ဆုံး ထိန်းချုပ်ကာ သူ့လက်ထဲမှာငြိမ်နေသော ကိုလင်းမောင်ကို လှုပ်ကာခေါ်မိသည်။ အခုချိန် အရေးအကြီးဆုံးက ကိုလင်းမောင် တစ်ခုခုဖြစ်မသွားရန်ပင်။ ကိုလင်းမောင်သေဆုံးသွားပါက သူချစ်ရပါသောထိုလူသားသည် လူသတ်မှုနဲ့ ထောင်ကျရမည်မဟုတ်ပါလား။

ကိုမိုးခမ်းပစ်လိုက်သော ကျည်ဆန်သည် ကိုလင်းမောင်၏ ဦးခေါင်းကို တည့်တည့်ထိမှန်သွားသည့်အတွက် အသက်ရှင်သန်ဖို့်ရာ လမ်းမမြင်ချေ။ တဖြည်းဖြည်းသွေးစုတ်လာသော ကိုလင်းမောင်၏ခန္ဓာကိုယ်သည် ခြေထောက်မှစ၍ တဖြည်းဖြည်းအေးစက်လာသလို လက်ကောက်ဝတ်မှ နှလုံးခုန်နှုန်းသည်လည်း စမ်းသပ်၍မရတော့ချေ။

ကိုလင်းမောင်၏ဘဝဇာတ်သိမ်းသည် သူချစ်ရသော ကိုမိုးခမ်း၏ဘဝကိုပါ မဖြစ်မနေ ဒုက္ခပေးသွား​သေးသည်။ ကိုလင်းမောင်၏ သွေးများစွန်းထင်းနေသော သူရဲ့လက်ကို မယုံနိူင်စွာတစ်ချက်ကြည့်ပြီး အခုထိ ပစ္စတိုသေနတ်လေးကို ကိုင်ကာ အသိစိတ်လွတ်နေသော ကိုမိုးခမ်းဆီကို အပြေးသွားမိသည်။

"အကို..."

ကိုမိုးခမ်းရဲ့ပုခုံးလေးကို ကိုင်လှုပ်လိုက်မှ လက်ထဲက သေနတ်သည် ကြမ်းပြင်သို့ ဒေါက်ကနဲ လွတ်ကျသွားကာ အခုထိ အသိစိတ်မကပ်သေးသောမျက်ဝန်းများဖြင့် ပြူးကြောင်ကြောင် ပြန်လည်ကြည့်လာသည်။

"သေ.... ​သေသွားတာလား"

မောဟိုက်တုန်လှုပ်နေသော လေသံကိုထိန်းထားသည့် ခြောက်ကပ်လှသော ကိုမိုးခမ်းရဲ့အသံက ကြားရရုံလောက်သာ ထွက်လာခဲ့သည်။

"ဘာမှမဖြစ်ဘူး စိတ်ထိန်း... မောင်ရှိတယ်"

"သေသွားတာပေါ့..."

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now