ƑIƝAԼ - ƤAƦƬ III

20K 454 81
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"ဘာလို့ အတိတ်မမေ့ဘဲ မေ့ချင်ယောင်ဆောင်နေရတာလဲ"

"ဘာကိုပြောတာလဲ ကိုမိုးခမ်းရဲ့..."

"ပထမတစ်ချက် မောင်က နေ့ရက်တစ်ချို့ကို အတိတ်မေ့သွားပေမယ့် အဲ့ဒီနေ့ရက်တွေမှာ ဘာဖြစ်ခဲ့တယ်... ကျွန်တော်နဲ့ ဘယ်လိုတွေပတ်သတ်ခဲ့တာလဲဆိုတာ စိတ်မဝင်စားဘူး... မမေးဘူး... သိပြီးသား ကိစ္စတစ်ခုလို ပြုမှုနေတယ်... ဒုတိယအချက် မန်းလေးကိုဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး ကားထဲမှာ စိုးလွင်လွင်သီချင်း​ေတွပဲ ဖွင့်လာတယ်... ဒါပေမယ့် မောင်က စိုးလွင်လွင်ရဲ့သီချင်းတွေကို ကြိုက်တဲ့သူမှမဟုတ်တာ.... တတိယအချက် ကျွန်တော်က ငှက်ခါးရောင်လက်ပတ်နဲ့ နာရီအကြောင်းပြောတဲ့အခါ ဘယ်ကနာရီလဲလို့မမေးခဲ့ဘူး... အဲ့ဒီနာရီလေးကို မောင်မှတ်မိနေတယ်...ဒီအကြောင်းအရာတွေအားလုံးဟာ တိုက်ဆိုင်တယ်လို့ပြောဦးမလား... ဖြေလေ မောင်... ဘာလို့ အတိတ်မေ့ချင်ယောင်ဆောင်နေရတာလဲ"

မောင်က သူ့ကို မျက်ခုံးလေးတစ်ဖက်ပင့်ပြပြီး သဘောကျသလို ခပ်ဟဟလေးရယ်မောနေသည်။

"တိုက်ဆိုင်တာလည်း ဖြစ်နိူင်တာပဲလေ... "

"အနမ်းတွေကရော တိုက်ဆိုင်တာပဲလား... မောင်က လိမ်နေပေမယ့်... မောင့်အနမ်းတွေက မလိမ်ဘူးနော်... ကျွန်တော့်ကို ကောင်းကောင်းမှတ်မိနေတဲ့ပုံပဲ"

မောင့်မျက်နှာပေါ်ကနေ လျစ်ကနဲ ဖြတ်ပြေးသွားသော ရယ်မောပျော်ရွှင်နေတဲ့ အရိပ်အယောင်လေးကို ဖမ်းမိလိုက်တဲ့နောက်မှာ ကြည်နူးဝမ်းသာစိတ်နဲ့အတူ လှိုက်ကနဲ ဆို့နင့်လာသော ဝမ်းနည်းစိတ်ကြောင့် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားလေးကိုသာ လက်လေးဖြင့် အသာဖိထားရသည်။

"အနမ်းတွေက မလိမ်ဘူးဆိုတာသေချာအောင် နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ကြမလား"

မောင့်လက်တွေက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လာပြီးနောက်မှာတော့ ခန္ဓာကိုယ်နဲ့ စိတ်တစ်ခုလုံးဟာ မောင့်ရဲ့ နွေးထွေးတဲ့ရင်ခွင်ထဲကို လုံးလုံးလျားလျားရောက်သွားလေတော့သည်။ ဒီလိုနွေးထွေးလုံခြုံမှုတွေ ဘယ်တော့မှ ရနိူင်မှာမဟုတ်တော့ဘူးလို့ထင်မိပေမယ့် ကံတရားက သူ့ကို အဆုံးထိမရက်စက်ခဲ့တဲ့အတွက် ဝမ်းသာစိတ်နဲ့အတူ မျက်ရည်များပင်လည်လာမိသည်။ မောင့်ရဲ့ရင်ဘတ်ကို ခေါင်းလေးထိုးရင်း စိတ်ထဲပြိုလဲခဲ့ရသမျှ စိတ်ချလက်ချငိုလိုက်မိတဲ့အခါ မောင့်လက်လေးတွေက သူ့ခေါင်းလေးကို ဖွဖွပွတ်ပေးကာ မောင့်အနမ်းတွေက သူ့ဆံပင်လေးတွေကို ဖွဖွလေးဖြတ်သန်းစေရင်း ချွေးသိပ်ပေးနေလေသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Donde viven las historias. Descúbrelo ahora