༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎
"ရတယ် ရတယ်... ဒီဝိုင်းကို ငါရှင်းလိုက်မယ်"
"မင်းအတွက်ပါ ကျောင်းဝင်ကြေးသွင်းပေးထားခဲ့တယ် ခန့်ဦးသာ... ကျူရှင်ကြေးတွေ စာအုပ်စာတမ်းကြေးတွေလည်း အကုန်ငါသွင်းပေးထားတယ်"
"ငါ တောင်ကြီးသွားတုန်းက ဝယ်လာတဲ့ဆွယ်တာလေး မင်းနဲ့ဆိုလိုက်မယ်ကွ ယူလိုက်တော့"
"အဆောင်မှူးက အဆောင်ခတွေတောင်းနေလို့ မင်းအတွက်ပါ ငါပေးလိုက်တယ်နော်"
ဒီစကားတွေက မင်းသွင်မိုးနဲ့စပြီး ခင်မင်သိကျွမ်းကတည်းက ကြားနေရသောစကားလုံးများပင် ဖြစ်သည်။ သာမာန်ဝန်ထမ်းသားသမီးဖြစ်တဲ့ သူ့အဖို့ ခက်ခဲစေတဲ့ငွေရေးကြေးရေးဆိုင်ရာပြဿနာများကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ မင်းသွင်က အမြဲတမ်းကူညီပေးခဲ့သည်။
တက္ကသိုလ်စတက်တဲ့နေ့မှာ စတင်တွေ့ဆုံကာ ခင်မင်ခဲ့ကြပေမယ့် မင်းသွင်ရဲ့နောက်ခံအသိုင်းအဝိုင်း၏ချမ်းသာကြွယ်ဝမှုကို သူမသိခဲ့ရိုးအမှန်ပါ။ ဖခင်ဆုံးသွားသောကြောင့် လေဖြန်းနေသောအဘိုးကိုတာဝန်ယူရင်း စားဝတ်နေရေးအတွက်ပါ ရှာဖွေနေရသည်ဟုပြောသည့်အတွက် သနားစိတ်ဝင်မိကာ တတ်နိူင်သမျှဖေးမအားပေးခဲ့လေသည်။
နောက်မှ မင်းသွင်ရဲ့ချမ်းသာကြွယ်ဝမှုအခြေအနေကို မျက်ဝါးထင်ထင်မြင်လိုက်ရမှ အံဩမှုနဲ့အတူ နောက်ကနေ ကပ်ပါလာသည်များက သိမ်ငယ်စိတ်နဲ့အရှက်တရားများပင်ဖြစ်လိမ့်မည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုစီးပွားရေးလုပ်ငန်းကြီးကိုတောင် ကျောင်းတတ်ရင်းဦးဆောင်နေတဲ့ မင်းသွင်နဲ့ သူကိုယ်သူယှဥ်မိလျှင် အမြဲအားငယ်စိတ်ဝင်ရသည်။ အခက်အခဲနဲ့ရင်ဆိုင်ရတုန်းမှာ ဖေးမကူညီပေးခဲ့တဲ့သူ့ကို မင်းသွင်ကအရေးပေးကာ ဆက်ဆံလာတော့ သူဌေးသားမို့အတင်းလိုက်ကပ်နေသလို ကပ်ဖားရပ်ဖားလုပ်နေသလို စွပ်စွဲပြောဆိုနေကြတဲ့စကားတွေကို ခါးစည်းပြီးခံခဲ့ရသည်။
တစ်ခြားသူ မျက်စိဆံပင်မွှေးစူးချင်စရာကောင်းလောက်အောင် မင်းသွင်က သူ့အပေါ် တွင်သာမက သူရဲ့မိသားစုတွေအတွက်ပါ လိုအပ်သည့်ပစ္စည်းများ အမြဲထောက်ပ့ံပေးပြီး ဂရုစိုက်ပေးခဲ့သည်။ မင်းသွင်ရဲ့စေတနာတွေက ဖြူစင်ပေမယ့် သူတစ်ပါးနှာခေါင်းပေါက်နဲ့အသက်ရှူနေရသလို ဖြစ်နေတဲ့အတွက် ဒီလိုပက်သက်မှုကို ရပ်ပစ်ချင်လှပြီ။ သူတို့မိသားစုက သူတစ်ပါးရဲ့ပေးကမ်းတာနဲ့ ရပ်တည်နေသလိုမျိုးဖြစ်နေရတဲ့ခံစားချက်က သိပ်တော့မကောင်းလှချေ။
YOU ARE READING
မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)