ƤAƦƬ ㉗

6.4K 345 32
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"ငါ ကျိန်ဆိုတယ် မိုးခမ်း...."

အောင်ဆွေရဲ့မျက်ဝန်းတွေက ဒေါသ​ကြောင့် အရောင်တလက်လက်တောက်နေပေသည်။ ဓားဒဏ်ရာကြောင့် သွေးတွေတစက်စက်ကျနေသော ညာဘက်လက်ကို အဝတ်စတစ်ခုနဲ့စည်းထားပြီး ဘယ်ဘက်လက်က သေနတ်ကိုကိုင်ထားကာ သူတို့နှစ်ယောက်အား မချိပြုံးနဲ့ကြည့်နေပေသည်။ အောင်ဆွေရဲ့စိတ်အခြေအနေဟာ ဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာ ခန့်မှန်းရခက်စွာ မျက်လုံးတွေက တည်ငြိမ်နေပေသည်။

"ဒီနေ့က မင်းအတွက် သေနေ့ပဲဖြစ်ရမယ်"

သေနေ့ဆိုပါလား။ မွေးဖွားလာကတည်းက နေ့ရက်တိုင်းဟာ သူ့အတွက် ရှင်သန်ချင်စရာကောင်းခဲ့လို့လား။ သူတို့ ဘယ်လိုရှင်သန်ခဲ့ကြလဲဆိုတာ တစ်ခြားသူတွေထက် အောင်ဆွေက အသိဆုံးမဟုတ်ပါလား။ ဒါတောင် သူ့လိုလူမျိုးကို သေခြင်းတရားနဲ့ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ ရယ်ချင်စရာတောင်ကောင်းသည်။

အခုချိန်တော့ ဒဏ်ရာရနေတဲ့မင်းသွင်ကြောင့် ဘေးကင်းရာကို အမြန်ဆုံးရောက်ချင်နေလေပြိီ။ အခန်းကို အကဲခတ်ကြည့်လိုက်တော့ သူတို့နှစ်ယောက် ရောက်နေတဲ့နေရာက တံခါးပေါက်နှင့် အတန်ငယ်လှမ်းနေတဲ့အပြင် မင်းသွင်ကလည်း ခြေထောက်ကကောင်းကောင်းမထောက်နိုင်သေးတဲ့အတွက် အကာအကွယ်မပါဘဲသွားလျှင် အောင်ဆွေရဲ့ သေနတ်ဒဏ်က လွတ်မည်မထင်။

"မင်းလိုချင်တာ... ငါ့ကိုပဲမလား.... မင်းသွင်ကို ပေးသွားလိုက်"

သူ့စကားအဆုံးမှာ မင်းသွင်က သူ့လက်လေးကို လာကိုင်ပြီး ခေါင်းယမ်းပြသည်။

"သူထွက်သွားခိုင်းရင်တောင် ကျွန်တော်က အကို့ကိုထားပြီး ထွက်သွားမယ်ထင်နေတာလား"

ကိုင်ထား​ေသာ မင်းသွင်ရဲ့လက်​တစ်ဖက်က သူ့ရဲ့လက်လေးကို တင်းကျပ်စွာဖိညှစ်လာသည်။ မင်းသွင်လက်မှတဆင့်စီးဝင်လာသော နွေးထွေးတဲ့မေတ္တာများက အောင်ဆွေကိုရင်ဆိုင်ဖို့အတွက် ခွန်အားရစေသလိုပင် ယုံကြည်မှုကိုလည်းတိုးလာစေသည်။ အောင်ဆွေကတော့ တစ်ချက် မချိပြုံးပြုံးကာ သူ့ကိုစိုက်ကြည့်ရင်း

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now