ƤAƦƬ ㉔

5.4K 319 59
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

ရောက်ရင် ငါ့ကို နှိုးဆိုတဲ့ စကားလေးတစ်ခွန်းသာပြောပြီး သူ့ပုခုံးပေါ်ကို ခေါင်းလေးဘေးတစ်စောင်းတင်ကာ လိုက်လာသောမင်းသွင်ကြောင့် ဆိုင်ကယ်ကိုဂရုစိုက်ပြီးမောင်းနေရသည်။ ဆောင်းရာသီရဲ့အေးလှတဲ့ ရာသီဥတုအောက်မှာ ဆိုင်ကယ်လီဗာကိုဆုပ်ကိုင်ထားရတဲ့ သူ့လက်တွေကလည်း အတော်လေးပင်တုန်ခါနေလေပြီ။

နောက်က မှေးလိုက်နေတဲ့ကိုယ်တော်ချောကို ပြုတ်မကျအောင် လက်တစ်ဖက်က ခဏခဏပြုပြင်ပေးနေရသေးသည်။ အစီအစဥ်တွေက အားလုံးအဆင်ပြေချောမွေ့နေပါလျက် မထင်မှတ်ထားသောအခြေအနေကနေ မင်းသွင်ဝင်ရောက်လာတဲ့အတွက် ရှေ့ဆက်ဖြစ်လာမည့်အခြေအနေကို ဆက်ပြီး တွေးကြည့်၍မရတော့ချေ။ ကိုမိုးခမ်းသိသွားပါက သူ့ကိုပါသတ်ပစ်မယ်ဟု ခြိမ်းခြောက်သလိုပြောတဲ့ မင်းသွင်ရဲ့စကားကြောင့် ရယ်ချင်စိတ်ကိုမျိုသိပ်ပြီး သူငယ်ချင်းအလိုကျ ကိုမိုးခမ်းကို ပြောင်းလဲသွားသော အခြေအနေအကြောင်း လှမ်းမပြောမိပေ။ ပေးထားတဲ့ လိပ်စာအနားရောက်ခါနီးတွင် ဆိုင်ကယ်ကိုစက်ရပ်လိုက်ပြီး ဘေးဘီဝဲယာကို အခြေအနေတစ်ချက်ကြည့်ကာ အိပ်ပျော်နေပုံရသောမင်းသွင်ကို နှိုးရသေးသည်။

"ရောက်ပြီလား..."

မင်းသွင်က ဆိုင်ကယ်Toolboxထဲက ရေဘူးကိုထုတ်ယူ၍ မျက်နှာသစ်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်နေသည်။

"ဒီအိမ်လား... "

ကိုမိုးခမ်းပေးတဲ့လိပ်စာအတိုင်းဆို မြို့ပြင်ဒီနေရာမှာ ဒီတိုက်အိမ်တစ်လုံးပဲရှိသည်။ ကြည့်ရတာ နွေရာသီအတွက် ဆောက်လုပ်ထားသော အပန်းဖြေစံအိမ်တစ်ခု ဖြစ်ဖို့များသည်။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်နှင့် မီးရောင်မရှိသောအိမ်ကြီးက လိုက်ဖက်စွာ ခြောက်ခြားစရာကောင်းလှသည်။

"ကိုမိုးခမ်းပေးတဲ့လိပ်စာအတိုင်းဆို ဒီအိမ်တစ်လုံးပဲ ရှိတယ်"

ရေဘူးကို Toolboxထဲပြန်ထည့်စဥ် ယိမ်းယိုင်သွားတဲ့ မင်းသွင်ရဲ့ခန္ဓာကိုယ်ကိုထိန်းပေးလိုက်စဥ် ကိုယ်တော်ချောက သူ့လက်ကို ချက်ချင်းတွန်းဖယ်ပစ်သည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)حيث تعيش القصص. اكتشف الآن