༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎
ဘဝထဲကနေ အပြီးထွက်သွားခဲ့သောလူတစ်ယောက်ကို ရုတ်တရက် မျှော်လင့်မထားတဲ့အခြေအနေတစ်ခုမှာ ပြန်တွေ့ခွင့်ရလိုက်တဲ့အခါ သိစိတ်နဲ့မသိစိတ်တို့ ရောထွေးသွားပြီး အရာအားလုံးဟာ အိမ်မက်တစ်ခုလိုတောက်ပလာသည်။ မည်းနက်နေသော မျက်ခုံးများအောက်က စူးရှလွန်းတဲ့မျက်ဝန်းများ၊ ဖြောင့်တန်းနေသော နှာခေါင်းသွယ်သွယ်လေးရဲ့အဆုံးသတ်ရာ နူးညံ့နွေးထွေးလှသော အပြုံးများ ခြံရံထားတဲ့ အညိုရောင်နှုတ်ခမ်းလေး။ နီညိုရောင်ဆံနွယ်အခွေလေးထဲကို လက်ကလေးနဲ့ထိုးဖွနေရင်း သူ့ကိုစူးစမ်းသလိုစိုက်ကြည့်နေတဲ့ကောင်ငယ်လေးကို ကြည့်ရင်း အိမ်မက်ထဲများရောက်နေတာလားဟု တွေးမိသေးသည်။
သုံးနှစ်လုံးလုံး ရူးမတတ်လွမ်းဆွတ်နေရတဲ့ ဒီမျက်နှာလေးကို အမှတ်မထင်တွေ့လိုက်ရတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး ပြီးြပည့်စုံသွားသလိုခံစားချက်ကြီးက လှိုက်ကနဲ ဝမ်းနည်းလာကာ မျက်ရည်များပင်ရစ်ဝဲလာသည်။ သူ့ကိုငေးကြည့်နေသော ကောင်လေးရှိရာကိုအပြေးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိုကောင်လေးရဲ့ရင်ခွင်ထဲပစ်ဝင်လိုက်ကာ ပုခုံးလေးပေါ်ကိုခေါင်းလေးမှောက်ပြီး အားရပါးရငိုမိသွားလေသည်။
"ရူးတော့မတတ် မောင့်ကို လွမ်းနေခဲ့တာ"
ရှိုက်သံနဲ့အတူထွက်လာသော စကားသံလေးအဆုံးမှာ သူ့လက်တွေက မောင့်ကို နောက်တစ်ကြိမ်ပျောက်ကွယ်သွားမှာ စိုးရိမ်သည့်စိတ်နဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။ မောင့်ရဲ့အငွေ့အသက်တွေခြုံလွှမ်းနေတဲ့ စိတ်လုံခြုံမှုမျိုးကို မရရှိခဲ့တာ အတော်ကြာပြီမဟုတ်ပါလား။ ကံတရားက သူ့ကို တစ်ကြိမ်တော့မျက်နှာသာပေးပြီး မောင့်ကိုပြန်ပို့ပေးခဲ့တဲ့အတွက် သူ့ဘက်က ရတဲ့အခွင့်အရေးကို မြဲမြံစွာဆုပ်ကိုင်ထားဖို့သာ ကျန်တော့သည်။ မောင့်ပုခုံးပေါ်မျက်နှာလေးအပ်ပြီး အားရအောင်ငိုပြီးနောက်တွင် လွမ်းမောခဲ့ရသော မောင့်မျက်နှာလေးကိုငေးကြည့်ရန် ခေါင်းလေးကို မောင့်ပုခုံးမှခွာလိုက်တဲ့အခါ သူ့ကို စိမ်းကားသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသော မောင့်ကိုတွေ့လိုက်ရသည်။
YOU ARE READING
မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)