ƤAƦƬ ⑰

5.1K 317 44
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

စားသောက်ဆိုင်ရဲ့သီးသန့်အခန်းလေးထဲကို ဝင်လိုက်သည်နှင့် ကြိုတင်ရောက်ရှိနေသောကိုမိုးခမ်းကို တွေ့လိုက်ရသည်။ နက်ပြာရောင်ဆွယ်တာလေးကို ဝတ်ဆင်ထားသော ကိုမိုးခမ်းရဲ့ပုံစံက ကျော့ရှင်းပြေပြစ်နေသလို ဒီလိုနောက်ကြောင်းမရှုပ်သည့်လူမျိုးသာဖြစ်ခဲ့လျှင် အင်မတန် နှစ်လိုဖွယ်ကောင်းပေလိမ့်မည်။

အခန်းထဲဝင်ကာ တံခါးကိုပိတ်လိုက်သည်အထိ ကိုမိုးခမ်းရဲ့စူးရှသောမျက်လုံးများက သူ့တစ်ကိုယ်လုံးကို ခြုံပြီးအကဲခတ်နေသည့်အတွက် နဂိုရှိနေသောစိုးထိတ်စိတ်သည် ပိုမိုဆင့်ကဲကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာသလိုပင်ဖြစ်လာရသည်။

"လိုရင်းပဲပြောပါ ကိုခန့်ဦးသာ... "

ကိုမိုးခမ်းရဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း လက်ထဲမှာရှိတဲ့စာအိတ်ကို စားပွဲပေါ်ခဏတင်ပြီးနောက် စာအိတ်ကိုဖွင့်လိုက်ရင်း

"တာချီလိတ်မြို့မိဘမဲ့ဂေဟာ မီးလောင်မှုကနေစပြီး သပိတ်ကျင်းမြို့ကဦးထွန်းခိုင် အသတ်ခံရတဲ့ကိစ္စအဆုံး ကျွန်တော်သိတယ်ကိုမိုးခမ်း... မင်းသွင်ဆီကို ဘာသဘောနဲ့ ချဥ်းကပ်လာတယ်ဆိုတာ အနည်းအကျဥ်းတော့ ကျွန်တော် ရိပ်မိတယ်..  လိုရင်းပြောရရင် ဒီကိစ္စတွေကို မင်းသွင်မသိအောင် ကိုမိုးခမ်းအနေနဲ့ ကျွန်တော့်ကိုဘယ်လိုတားမလဲ ဆိုတာသိချင်တယ်"

ကိုမိုးခမ်းက သူ့ကိုပြုံးကာ ကြည့်နေလေသည်။ အခန်းလေးက ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပုံက မကြာခင် တစ်ခုခုဖြစ်တော့မည့်နိမိတ်ပုံရိပ်လို ဖြစ်နေလေသည်။

"အချက်အလက်တွေရှိနေပါရက်နဲ့ ရဲစခန်းလဲမသွား မင်းသွင်ကိုလည်းသတိမပေးပဲ ကျွန်တော့်ဆီကိုဆက်သွယ်တယ် ဆိုကတည်းက ကိုခန့်ဦးသာလည်း လူကောင်းမှမဟုတ်တာ... မသမာသူချင်း ပွင့်ပွင့်လင်းလင်းပေါ့ဗျာ"

"ကိုမိုးခမ်းနဲ့ လိပ်ပြာတက်တူးပုံပါတဲ့သူနဲ့ပေါင်းပြီးတော့ မော်လမြိုင်ကဦးသက်ထွေးကို သတ်ပြီးစိန်တွေယူခဲ့ကြတယ်...  မြင်းခြံအလယ်ရပ်က ဆေးလိပ်ခုံပိုင်ရှင်ဆီကနေလည်း ငွေသိန်းပေါင်းများစွာလိမ်ခဲ့ကြတယ်...  သပိတ်ကျင်းက ဦးထွန်းခိုင်ကိုသတ်ပြီး သူ့ရဲ့ပစ္စည်းဥစ္စာတွေကို အပိုင်သိမ်းခဲ့ကြတယ်... ဒါတောင် ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိနေဦးမယ်...ခုအလှည့်ကျတဲ့သူက မင်းသွင်..."

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Tempat cerita menjadi hidup. Temukan sekarang