ƤAƦƬ ㉖

6.1K 337 41
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

အောင်ဆွေဆီကိုဖုန်းဆက်ပြီးသည်နှင့် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဦးနှောက်ကိုအလုပ်ပေးပြီး အပြေးအလွှားစဥ်းစားရသည်။ ယခုကိစ္စက မင်းသွင်ရဲ့အသက်အန္တရာယ်ကို ထိပါးလာတဲ့ကိစ္စဖြစ်တာကြောင့် သူ့ဘက်ကပေါ့ဆနေ၍ လုံးဝမဖြစ်ချေ။ အောင်ဆွေလိုချင်သည့်အရာက သူ့ကိုဖြစ်၍ သူမလာမချင်း မင်းသွင်ကိုထိရဲမှာမဟုတ်ပေမယ့် စားပွဲနားမှာတွေ့ခဲ့သောသွေးကွက်ကြောင့် စိတ်ထဲတွင်ထင့်နေမိသည်။ ခန့်ဦးသာရဲ့စကားအရ အောင်ဆွေက မင်းသွင်ကို သေနတ်နဲ့ပစ်လိုက်တာသေချာရင် မင်းသွင်ရဲ့ဒဏ်ရာက သွေးထွက်လွန်မှာစိုးရိမ်ရသည်။

ဒါကြောင့် သူအရမ်းအချိန်ဆွဲနေ၍ မရချေ။ တတ်နိူင်သမျှ မြန်မြန်လေး လုပ်ဆောင်မှရပေမည်။ အိမ်ကိုပြန်ပြီး မင်းသွင်ရဲ့ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကိုယူပြီး ကားကို ဝိုင်စက်ရုံရှိ အလုပ်သမားတန်းလျားဆီကိုမောင်းလာမိသည်။ညကြီးအချိန်မတော် ရောက်လာသောသူ့ကို စပ်စုတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ အလုပ်သမားတွေကို ဂရုမထားအားသေးဘဲ မန်နေဂျာကိုတိုးမြင့်စိုးရှိရာဆီသာ သွားလိုက်သည်။

"ကိုမိုးခမ်းပါလား.... အချိန်မတော် ဘာကိစ္စ ရှိလို့လဲ... "

"မင်းသွင် ပြန်ပေးဆွဲခံရတယ်... ကိုတိုးမြင့်စိုး..."

"ဗျာ.... ဘယ်သူက ပြန်ပေးဆွဲတာလဲ "

"ဟုတ်တယ် အဲ့တာ ကိုတိုးမြင့်စိုးရဲ့အကူအညီလိုတယ်"

"ဟုတ် ပြောပါ ကိုမိုးခမ်း"

"ကျွန်တော် အခု လိပ်စာတစ်ခုရေးပေးမယ်... တန်းလျားက အလုပ်သမားလေး သုံးလေး​ယောက်ကိုခေါ်ပြီး မင်းသွင် ပြန်ပေးဆွဲခံရတာကို ရဲစခန်းကိုသွားပြီး တိုင်ချက်ဖွင့်လိုက်... မနက်လင်းရင် ရဲတွေကိုခေါ်ပြီး အဲ့ဒီလိပ်စာအတိုင်းလာခဲ့... မနက်ရှစ်နာရီနောက်ဆုံးထားပြီး ကျွန်တော်နဲ့မင်းသွင်ကိုမတွေ့ဘူးဆိုရင် လူအင်အားသုံးပြီး အဲ့အိမ်ကို ဝင်စီးပေးပါ.."

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Dove le storie prendono vita. Scoprilo ora