ƤAƦƬ ㉒

5.5K 328 41
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

အခန်းတံခါးကိုပိတ်ပြီးနောက် ဆွယ်တာကိုချွတ်လိုက်ပြီး ညဝတ်အနွေးထည်လေးသာ ပေါ့ပေါ့ပါးပါးဝတ်လိုက်သည်။ ရေချိုးခန်းထဲဝင်ပြိ်း မျက်နှာသစ်သွားတိုက်ကာ ကိုယ်လက်သန့်စင်ပြီးထွက်လာတဲ့အချိန် သူ့အခန်းထဲမှာ အန္တရာယ်အငွေ့အသက်ရလိုက်တာကြောင့် ကုတင်ဘေးကစားပွဲဆီ အပြေးတပိုင်းသွားပြီး စားပွဲအံဆွဲလေးကိုဆွဲဖွင့်ဖို့ လက်ကရွယ်လိုက်စဥ်မှာ သန်မာတဲ့လက်တစ်စုံက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ဖမ်းချုပ်လိုက်တာကြောင့် အသာငြိမ်ပြီး အခြေအနေကိုအကဲခတ်နေရသည်။

"ရှူး...."

မဖိတ်​ေခါ်ထားတဲ့ဧည့်သည်က သူ့ကိုဆွဲလှည့်လိုက်ပြီး နှုတ်ခမ်းပေါ်ရောက်လာတဲ့လက်ညိုးလေးနဲ့အတူ အသံမထွက်ရန်အချက်ပြနေသည်။

"အောင်ဆွေ..."

အောင်ဆွေက သူ့ကိုတစ်ချက်ရယ်ပြပြီး အိပ်ရာပေါ်သို့ သက်တောက့်သက်သာဝင်ထိုင်ရင်း ကိုယ့်အိမ်ကိုယ့်ရာရောက်နေတဲ့သူတစ်ဦးလို အပျင်းဆန့်နေလေသည်။ မင်းသွင်က ခုနကမှ အပေါ်ကိုတက်သွားတာကြောင့် အိပ်ပျော်သေးမည်မဟုတ်ချေ။ အခုလိုချိန်ကြီး သူ့အခန်းထဲ အောင်ဆွေရောက်နေတာကို မင်းသွင်သာသိသွားပါက ဘာတွေဆက်ဖြစ်မလဲ မပြောတတ်ပေ။

"အတင့်ရဲလှချည်လား အောင်ဆွေ... ဒီလိုမျိုး မပြောမဆိုနဲ့ ပေါ်လာလို့ ဘယ်ဖြစ်မလဲ"

"ဘာတွေကြောက်နေတာလဲ မိုးခမ်း... အရင်ကလည်း ငါက ဒီလိုမျိုး ဘယ်သူမှမသိအောင် ပေါ်လာနေကြပဲလေ... အခုကျမှ ဘာကိစ္စ အရမ်းတွေကြောက်ပြနေတာလဲ"

"သေမင်းခံတွင်းဝမှာ လမ်းလျှောက်နေရတာက ငါပါ... မင်းမဟုတ်ဘူး... တစ်ချက်လောက်မှားတာနဲ့ လုပ်ခဲ့သမျှအရာရာက သဲထဲရေသွန်ဖြစ်ရလိမ့်မယ်"

အောင်ဆွေက အိပ်ရာပေါ်မှထကာ သူ့အနားကိုတိုးလာပြီး သူ့မေးစေ့ကို လက်ဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး လှောင်ပြုံး ပြုံးပြကာ

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now