ƤAƦƬ ⑭

6.4K 360 64
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"ဖြူပြောပြဖူးတဲ့ မော်လမြိုင်က လေးလေးသက်ထွေးအကြောင်း မှတ်မိလားမောင်..."

ခန့်ဦးသာ မှတ်ဉာဏ်ကို တစ်ချက်ပြန်ခေါ်လိုက်ရသည်။ ဖြူ သူ့ကိုပြောတဲ့အကြောင်းအရာတွေက အများသားမဟုတ်ပါလား။ ရည်းစားဘဝမရောက်ခင် ဘာလိုလိုညာလိုလိုအခြေအနေမှာ ပြောခဲ့တဲ့စကားတွေ၊ အကြောင်းအရာတွေက နည်းမှမနည်းတာ။

မနက်ပိုင်းတုန်းက မင်းသွင်ဆီသွားကာ အလုပ်တစ်ခုရှာ​ပေးဖို့ အကူအညီတောင်းရင်း ခဏအလည်သွားရာမှစပြီး ဘာအကြောင်းကိစ္စမှန်းမသိပေမယ့် ဖြူတစ်ယောက် အတော်လေးပင် မျက်နှာပျက်နေလေသည်။ အရင်လို လူပျိုဘဝနဲ့မတူပဲ အခုဆိုသူ့မှာ ဖြူ့အပြင် သားသားလား မီးမီးလားမသိသေးတဲ့ နှောင်တွယ်စရာသံယောဇဥ်လေးတစ်ခု တိုးလာပြီမဟုတ်ပါလား။ ပြီးတော့ ကိုထွန်းသစ်စကလည်း အကြွေးကိစ္စ နားပူနားဆာလုပ်နေသေးသည်။

အကြွေးကိစ္စကိုလည်း မြန်မြန်​ဖြေရှင်းမှ ဖြစ်ပေမည်။ မဟုတ်လျှင် သူ့မိုက်ပစ်ကြောင့် မိဘနှစ်ပါးက အသက်ကြီးမှ အိုးမဲ့အိမ်မဲ့ဖြစ်ရ​ေပဦးမည်။ ဘွဲ့ရပြီးကတည်းက လုပ်သမျှလုပ်ငန်းတွေက အဆင်မပြေ။ သူငယ်ချင်းတွေပေါင်းပြီး Cafeဖွင့်တော့လည်း သူကလွဲရင် ကျန်တဲ့သူတွေက အပျော်လိုသဘောထားပြီး လေးလေးနက်နက်စိတ်ပါဝင်စားခြင်းမရှိချေ။

Cafeက အရှုံးပေါ်လာချိန်တွင် လက်ကျန်ငွေလေးကို ဘောလုံးပွဲ ပစ်လောင်းလိုက်ရာ မောင်းကျိုးပြီး လုပ်ငန်းတစ်ခုရင်းနှီးလို့ရတ​ဲ့​ေငွပမာဏကို ရရှိခဲ့ပေမယ့် လူ့လောဘက အတောသတ်ရန်ခက်သည် မဟုတ်ပါလား။ အရှုံးနဲ့အနိုင် တစ်လှည့်စီဖြစ်နေသော ကစားပွဲတွင် နိူင်လျှင်သာ ဘေးမှာ မျှဝေခံစားမယ့်သူတွေပေါပေမယ့် ရှုံးသည့်အခါတွင်တော့ လှည့်ကြည့်စရာ နောက်တွင် ​ေကျာ​ပြင်သာ ရှိလေသည်။ သူအရှုံးတွေဆက်ကာ အကြွေးတွေတင်လာချိန် ဘေးနားကရှိတဲ့မိတ်ဆွေကပါ တဖြည်းဖြည်းနဲ့ခွာကုန်ကြသည်။

ထိုအကြွေးတွေကို အရင်ဆပ်ရမည်။ သူ့မျက်နှာ တစ်ရွာထင်ကာ လိုက်လာသော ဖြူ့ကိုလည်း လူတန်းစေ့လေး တင့်တောင်းတင့်တယ်ထားချင်မိသေးသည်။ ဖြူနဲ့ သူ့ရင်သွေးလေးအကြောင်း၊ ကိုထွန်းသစ်စဆီက အကြွေးတွေနဲ့ အမေရဲ့အိမ်ခြံမြေလေးကို မျက်စိကပြန်မြင်ယောင်လာတိုင်း ညဘက်တွေ တော်ရုံနဲ့အိပ်၍မပျော်။ ချစ်စခင်စမှာ ဖြူနဲ့ချစ်တီတူးဖို့အသာထား အပူရုပ်ကိုဟန်လုပ်ကာ ဖြူမရိပ်မိအောင် ပြုံးပြုံးရွှင်ရွှင်နေပြရသေးသည်။ မဟုတ်လျှင် ဖြူက မပေါ့မပါးကြီးနဲ့ တငိုငိုတရီရီလုပ်နေပေဦးမည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Tahanan ng mga kuwento. Tumuklas ngayon