Chapter - 3(မနာလိုမှု)

1.5K 221 9
                                        

[Zawgyi]
Ch3/ မနာလိုမႈ

ကန်ဝေ့ကျိန်းမှာ တခဏ‌တော့ မျက်မှောင်ကြုတ်သွားသည်။သူမ ဘာမှမပြောနိုင်ခင်မှာပဲ သူမရဲ့ တုံးအတဲ့သားက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ "ယွီယွီ ဝင်လာခဲ့လေ!...."

ထို့နောက် အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးက အထဲသို့ ဝင်လာသည်။

သူမက ဝင်လာပီးပီဖြစ်‌သောကြောင့် ကန်ဝေ့ကျိန်းက ခေါင်းဟန့်လိုက်ရင်း ယန်ယန်နှင့် မိတ်ဆက်ပေးရတော့‌သည်.."ယန်ယန်..ဒါက ဒုတိယဦးလေးရဲ့ သမီး ရှန်ယွီတဲ့.."

သူမပြန်ရောက်လာတုန်းက ကန်ဝေ့ကျိန်းက သူမတို့ရဲ့ မိသားစုအကြောင်းကို အနည်းကျဉ်းမျှ ရှန်ယန်ကို ပြောပြထားပီးဖြစ်သည်။ သူမ မှတ်ထားဖို့ရာ ခဲယဉ်းလိမ့်မယ်လို့ ထင်ပီး တကြိမ်တည်းသာ ပြောပြခဲ့ခြင်းဖြစ်သော်လည်း ရှန်ယန်ကတော့ ထိုတကြိမ်တည်းဖြင့် ‌ကောင်းကောင်း မှတ်မိ‌ပီးသားဖစ်သည်။

ရှန်ယန်ရဲ့အဘိုးမှာ သားနှစ်ယောက်ရှိပီး သားအကြီးက သူမရဲ့‌အဖေဖြစ်သည်။ နောက်တစ်ယောက်တော့ ရှန်ယွီရဲ့ အဖေဖြစ်‌သည်။

ရှန်ယွီမှာ ဒီအခန်းထဲကို ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်ဖြစ်သည်။ ထို့ကြောင့်လဲ သူမ မနေနိုင်စွာ ပတ်ပတ်လည်ကို စူးစမ်းကြည့်မိတော့သည်။
ရှန်ယူဇီနှင့်သူမဟာ အသက်သိပ်မကွာပေ။ မိသားစုချင်းလဲ နီးကပ်ကြသဖြင့် သူမဟာ ဒီအိမ်တော်ကို မကြာခဏလာကာ ကစားနိုင်သလို ညအိပ်‌နေဖူးခြင်းလဲ ရှိခဲ့သည်။

အိမ်ထဲတွင် ဧည့်သည်ခန်းများလဲ များစွာပါရှိသည်။ အန်တီက သူမကို သူမကြိုက်နှစ်သက်သည့် အခန်းတွင် အိပ်ခွင့်ပေးခဲ့သော်လည်း ဒီအခန်းကိုတော့ အမြဲ သော့ခတ်ထားခဲ့ပီး ဘာတေရှိမှန်း ဘယ်လိုပြင်ဆင်ထားမှန်း လုံးဝမမြင်ခဲ့ဖူးချေ။

တတိယအကိုက သူမကို ပြောပြခဲ့ဖူးသည်။ ဤအခန်းကို ကန်ဝေ့ကျိန်းက တော်ဝင်မင်းသမီးတစ်ပါးရဲ့ အခန်းမျိုးဖစ်အောင် စိတ်ကူးယှဉ်ဆန်ဆန် ပြင်ဆင်ထားခဲ့သည်မှာ ရှန်ယန်မမွေးခင်ထဲကဖြစ်သည်။ ရှန်ယန်‌ဟာ သူမမွေးဖွားလာပီးတဲ့နောက် ဒီအခန်းထဲတွင် နေခဲ့သည်။ သူမနှစ်အတော်ကြာ ပျောက်သွားခဲ့သောအခါတွင်လည်း ကန်ဝေ့ကျိန်းက ဒီအခန်းကို အမြဲပြင်ဆင်ထားခဲ့သည်။ ရှန်ယန်ရဲ့အသက် တဖြည်းဖြည်း ကြီးလာတာနှင့်အမျှ အခန်းမှာ ရှိတဲ့ အသုံးအဆောင်တွေ အဝတ်အစားတွေကို အမြဲ ပြောင်းလဲပီးထားရှိခဲ့သည်။ ဒါ့အပြင် အားလုံးသည် ဈေးအကြီးဆုံး အကောင်းဆုံးတွေဖြစ်ခဲ့သည်။

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Where stories live. Discover now