Chapter - 5(ဒါက အရမ်းရှက်ဖို့ကောင်းတယ် ~ 1)

1.4K 225 16
                                        

[Zawgyi]
Ch5/ ဒါက အရမ်းရှက်ဖို့ကောင်းတယ် ~ 1

သူမတီးခတ်နေသည်ကတော့ ကမ္ဘာကျော်တေးသွားတစ်ခုဖြစ်တဲ့ "Turkish March"မှ ဖြစ်သည်။ သူမဟာ တေးသွားကို သူမအလုပ်နိုင်ဆုံး မြန်နိုင်သမျှမြန်အောင် တီးခတ်ကာ သူမရဲ့ စွမ်းရည်ကို ပြသဖို့ကြိုးစားလေသည်။

ရှန်ယူဇီဟာ ဘေးကနေ ကြည့်နေကာ သူ့ရဲ့မျက်လုံးတွေက အားကျနေမှုများဖြင့် ပြည့်နေလေသည်။

ရှန်ယူဇီနှင့် ရှန်ယွီတို့နှစ်ယောက်ဟာ အသက်ချင်းလဲ အရမ်းမကွာသောကြောင့် အတူ ကြီးပြင်းခဲ့ရ၍ ကောင်းမွန်သော ဆက်ဆံရေးလဲ ရှိကြသည်။ သူ့အမြင်မှာ ရှန်ယွီဟာ ငယ်စဉ်ထဲက ‌အရာရာမှာ အရည်အချင်းရှိလှသည်။

ဒါပေမဲ့ ရှန်ယူဇီမှာ နားထောင်နေရင်းနှင့် မနေနိုင်စွာ ပြောမိလေသည် "ယွီယွီ တေးသွားအသံကလေ မင်းအိမ်မှာ တီးပြတုန်းကထက် ပိုကောင်းနေတယ် ပိုပီးတော့ နူညံ့ပီး ချောမွေ့နေတာပဲ။"

ရှန်ယူဇီလို နားထောင်ရုံသက်သက်နှင့် ဤသို့ပြောနိုင်နေသည်ဆိုတော့ ရှန်ယွီကဲ့သို့ ဤပညာဖြင့် ဂုဏ်ယူရအောင် အမြဲလုပ်နေတဲ့သူ တစ်ယောက်ဆိုရင်ဖြင့် ပြောပြ‌နေစရာတောင်မလိုတော့ပေ။

ဒီတေးသွား... ဒီအသံ....

ရှန်ယွီ၏ လက်ရှိအခြေအနေမှာ အနည်းငယ် စိတ်အနှောက်အယှက်ပေးခံလိုက်ရပုံ ပေါ်နေကာ တေးသွားကို အားတင်းတီးခတ်နေရပုံပေါ်နေသည်။

သူမဟာ တိတ်ဆိတ်စွာ စာဖတ်နေဆဲဖြစ်တဲ့ ရှန်းယွမ်ကို ခိုးပီးကြည့်လိုက်မိသည်။ သူမက ဘယ်လို သိတာလဲ?

သူမ ရေရေရာရာမသိပဲ ရမ်းပြောလိုက်တာလား??

ဟုတ်ပီ... စိတ်အေးအေးထားစမ်းပါ!! သူမက တောသူတစ်ယောက်ပဲလေ pianoကိုတောင် မြင်ခဲ့ဖူးမှာ မဟုတ်လောက်ဘူး!

ရှန်ယွီက စိတ်ကို အတတ်နိုင်ဆုံးလျော့ချလိုက်ပီး တေးသွားကို အပြီးထိ ဆက်တီးခတ်လိုက်သည်။ ပြီးနောက် အဖုံးကို ပိတ်ကာ ရှန်ယူဇီကို အပြုံးဖြင့် ‌ပြောလိုက်သည် "ဒါက pianoကို အသံညှိထားလို့ ကွာနေတာ ဖြစ်မယ်"

သို့သော်လည်း ရှန်ယူဇီကတော့ သူ့နှုတ်ခမ်းများကို တွန့်ချိုးလိုက်ကာ.. "မဟုတ်ဘူး အကိုတော့ အဲ့လို မထင်ဘူး။ ဘာလို့ဆို ဒီpiano လွန်ခဲ့တဲ့နှစ်ရက်ကမှ အိမ်ကို လာပို့ထားတာလေ ဘယ်သူမှ အဲ့ဒါကို မထိကြည့်ရသေးဘူး။"

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Место, где живут истории. Откройте их для себя