Chapter - 15(အံ့ဩတုန်လှုပ်နေမှု)

1.5K 209 12
                                        

[Zawgyi]
Ch15/ အံ့ဩတုန်လှုပ်နေမှု

အတန်းပိုင်ဆရာမဖြစ်တဲ့ Ms.ချန်းလန်ကလဲ သူမကို အတန်းဖော်သစ်လေးအား ဂရုစိုက်ပေးဖို့ရန် မှာကြားထားသည်လေ။ ဒါ့အပြင်ကို သူမကလဲ လှပတဲ့အရာပေါ်ဆို သဘောကျနှစ်သက်လေ့ရှိသည်။

လှပတဲ့ ခန့်ညားတဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရတိုင်း သူမက ထိုအလှတရားကို ကာကွယ်ပေးချင်လာတဲ့အထိ ကြိုက်နှစ်သက်ခြင်းဖြစ်သည်။

ဒါ့ကြောင့် အခု သူမကို ပေးအပ်လာတဲ့တာဝန်အား လုံးဝပီးပြည့်စုံစွာ ထမ်းဆောင်ဖို့ အသင့်ရှိနေသည်။

အသက်ရှူမှားလောက်အောင် လှပလွန်းတဲ့ ရှန်ယန်ကို ကြည့်ရင်း ဖန်သော်ဟာ သူမက လတ်ဆတ်သောလေထုကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူမက ကြင်နာတတ်သော မိခင်တစ်ယောက်ပုံစံဖြင့် "ရှန်ယန် နင့်မှာ ငါ့ကို မေးစရာတစ်ခုခုရှိရင် အားမနာပဲ မေးရမယ်နော်.."

ရှန်ယန်က စာကိုပဲ အာရုံစိုက်ချင်တာ ဖြစ်သည်။ သို့သော် သူမ စိတ်အနှောက်အယှက်ဖြစ်‌ရလောက်အောင် ကျောင်းသားတေအများကြီးက သူမနားမှာဝိုင်းနေကြသည်။ ဒီမိန်းကလေးငယ်လေးက သူမအား ကူညီဖို့ရန် ကြိုးစားနေသည်ကို တွေ့ရှိရတော့ "ကျေးဇူးပါပဲ"

ဖန်သော်မှာ အသက်ရှူတကယ်ကို မှားသွားပါပီ။ ဒီအတန်းဖော်သစ်လေးက ရုပ်ကလေးလဲ လှသလို အသံလေးကလဲ ချိုသာနေလိုက်တာ...

ရှန်ယန်မှာ သူမက တခြားသူတွေအပေါ် အကြွေးတင်နေသည့် ခံစားချက်မျိုးကို လုံးဝမကြိုက်ပေ။ ထို့ကြောင့် ဖန်သော်ကို လှည့်ကြည့်လိုက်ရာ သူမက Rubik's Cube တစ်ခုကို အချိန်အတော်ကြာအောင် ကိုင်ထားပြီး ထိုအရာကို ဖြေရှင်းဖို့ အခက်တွေ့နေကြောင်း ထင်ရှားနေသည်။

သူမအနောက်ကို အနည်းမှီထားရင်း အံ့ဩမှုတချို့နှင့် မေးလိုက်သည်။
"ဒါက နင့်အတွက်ခက်လား??"

"အွန်း!!" ဖန်သော်မှာ လက်ထဲက Rubik's Cube ကိုကြည့်ရင်း စိတ်ဓာတ်ကျစွာ ပြောသည်။

အို့ယဲ့က သူမကို အရမ်းတုံးလွန်းတယ်ဟု အမြဲပြောလေ့ရှိသည်။ သူမ‌ကတော့ လက်မခံခဲ့ပေ။ ဒီနေ့တော့ သူက Rubik's Cube တစ်ခု ယူလာခဲ့ပြီး အဲ့ဒါက သူမရဲ့ IQကို စမ်းသပ်ပေးနိုင်ကြောင်း ပြောခဲ့သည်။

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Место, где живут истории. Откройте их для себя