Chapter - 7(သွေးအေးကြတယ်)

1.4K 213 10
                                        

[Zawgyi]
Ch7/ သွေးအေးကြတယ်

နှစ်တွေ အတော်ကြာအောင် သူမဟာ နာမည်ကျော်ရှန်မိသားစုကြီးရဲ့ တစ်ဦးတည်းသော မိန်းကလေးတစ်ယောက်... သူမရဲ့ ဝမ်းကွဲတွေက သူမကို ညီမအရင်းလို စောင့်ရှောက်ခဲ့ကြသလို သူမကလဲ သူတို့ကို သူမရဲ့ ကိုယ်ပိုင်အကိုများလို ဆက်ဆံသည်။ သူမကို လူတိုင်းက အလိုလိုက်ခဲ့ကြသည်။ သူမဘဝမှာ ဤမျှလောက် ရှက်စရာကောင်းခဲ့တဲ့ နေ့မျိုး မရှိခဲ့ဘူးချေ။

ယခုတော့ သူမက မိသားစုရဲ့ တဦးတည်းသော သမီးမိန်ကလေးမဟုတ်တော့။အရမ်းဆိုးဝါးလွန်းတယ်.......

အနာဂတ်မှာ သူမရဲ့ နေရာက တဖြည်းဖြည်း နိမ့်ကျသွား‌လိမ့်မည်။

သူမနားမလည်နိုင်ပေ။ သူမရဲ့ ဦးလေးနဲ့ အန်တီတို့က ဘာလို့ အရမ်းအပြောင်းအလဲမြန်ပီး သွေးအေးလွန်းကြသလဲဆိုတာကို..

"ဘာလုပ်ဖို့ကြိုးစားနေတာလဲ? ကောင်းပီ ငါ့ရှေ့ဒီလိုပြောတာက ပြဿနာမရှိဘူး။ တခြားသူတွေရှေ့မှာ‌တော့ လုပ်ခွင့်မရှိဘူးနော် အထူးသဖြင့် မင်းရဲ့အဘွားရှေ့မှာ.." ကျန်းရှင်းယီရဲ့မျက်လုံးများဟာ အေးစက်နေခဲ့သော်လည်း သူမက ပြုံးထားနိုင်ဆဲဖြစ်ပီး ရှန်ယွီရဲ့ ကော်လံကို သပ်ရပ်အောင် ပြုပြင်ပေးရင်း ပြောလိုက်သည်။ "သမီးက ရှန်းမိသားစုရဲ့ တစ်‌ဦးတည်းသော ရှန်မမလေးလေ..."

ရှန်ယွီဟာ သူမအမေရဲ့ ထူးဆန်းသော အပြုံးကိုမြင်လိုက်ရတဲ့အခါမှာတော့ မနေနိုင်စွာ ကြောက်လန့်လာခဲ့သည်။ ထို့ကြောင့်လဲ သူမရဲ့စိတ်တေကို အတတ်နိုင်ဆုံး လျော့ချလိုက်တော့သည်။

ထို့နောက် အချိန်အနည်းငယ်ကြာမှ သူမက အသံငယ်လေးဖြင့်‌ ပြောလိုက်သည်. "ရှန်ယန် ပြန်ရောက်လာပီ.."

"ဘယ်သူ!!?" ကျန်းရှင်းယီ၏လက်များသည် ရှန်ယွီ၏လက်မောင်း‌ကို အသာဆုပ်ကိုင်ထားရာမှ အပြင်းအထန်တင်းကျပ်သွားတော့သည်။ သူမဟာ ရှန်ယွီတစ်ယောက် မခံနိုင်လောက်အောင် နာကျင်ဟန်ပြလာမှ ထိုလက်များကို ပြန်လျော့ပေးသည်။ သို့သော် သူမ၏လက်များက ရှန်ယွီ၏ လည်ပင်းဆီသို့ အန္တရာယ်ရှိစွာ နီးကပ်သွားကာ သူမက ထပ်မေးလိုက်သည်။ "ဘယ်သူက ပြန်ရောက်လာတာလဲ!?"

ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-Место, где живут истории. Откройте их для себя