[Zawgyi]
Ch1/ကောင်းပေးခဲ့သမျှ ဘာအကျိုးမှမရှိ
ဆွံ့အနေတဲ့ အဘွားအိုတစ်ဦးက မိန်းမငယ်လေးတစ်ဦးကို မိဘမဲ့ဂေဟာမှ ခေါ်ယူမွေးစားပီး ၁၀နှစ်ကျော်ကြာ ပြုစုပျိုးထောင်ခဲ့သည်။ အခုတော့ ထိုမိန်းကလေးငယ်လေးအား သူမ၏မိဘအရင်းများက ပြန်ခေါ်သွားရန် ရောက်လာခဲ့တော့သည်။
ရွာလေးထဲမှ လူတိုင်းလိုလိုကလဲ ဒီအကြောင်းကို သူတို့ရဲ့နားနေချိန်တေမှာ
အကြိတ်အနယ် ဆွေးနွေးနေကြသည်။
"အား..ယာ..!! အစထဲက အဘွားလျှို အဲ့ကောင်မလေးကို မမွေးစားခဲ့သင့်ဘူး!
ငါတို့ပြောခဲ့သားပဲ ဘာလို့ဆို ငွေလဲကုန် လူလဲပင်ပန်းရတယ်လေ။ သူမကမှ နားမထောင်ခဲ့တာ"
"ဒါပေမဲ့ ကောင်မလေးက ကျေးဇူးကန်းမယ့်ပုံတော့မပေါ်ပါဘူး"
"ဘယ်သူ သိနိုင်မှာလဲ? မြိုတော်ကြီးမှာ အတူနေရမယ့် မိဘအရင်းတွေရယ်,
ဒီလို တောရွာလေးက ဆင်းရဲတဲ့ အဘွားအိုရယ်လေ။ ညည်းသာဆို ဘယ်သူ့ရွေးမှာတုန်း? အာာ!! သနားစရာကောင်းတဲ့ အဘွားလျှိုပဲ!
ဘယ်သူ့အကူအညီမှမရှိပဲ တကိုယ်တည်းနေနေရတာတောင် အဘွားအိုခမျာ အဲ့ကောာင်မလေးကို ပျိုးထောင်ဖို့အတွက် 10နှစ်ကျော်ကြီးတောင် ဒုက္ခခံခဲ့ရတယ်။ အခုတော့ အဲ့ကလေးမကတော့ သူ့မိသားစုပြန်သွားတော့မယ်
သူမ ကြင်နာပေးခဲ့တာတွေအတွက် ဘာမှပြန်ပေးတာမျိုးမရှိပဲလေ..
သူမ ပျိုးထောင်ပေးခဲ့တာကတော့ အလကားပါပဲအေ။"
"ကောင်းပေးခဲ့သမျှ ဘာအကျိုးမှမရှိဘူးပဲ"
သူတို့တွေ အတင်းပြောနေကြတဲ့ မနီးမဝေးမှာပဲ ရှန်ယန်တစ်ယောက် ရှိနေခြင်းဖြစ်သည်။
လေပြည်ဟာ သူမ၏ပုခုံးထိခန့် ရှည်လျားသော ဆံနွယ်များအား တိုက်ခတ်လိုက်ပီးနောက် သူနဲ့အတူ လွင့်မျောနေစေသည်။
သူမမှာ နတ်ဆိုးတမျှ ဖျော့တော့လျက်ဖြူစင်နေတဲ့ အသားအရေရှိနေပီး သူမရဲ့ အစိတ်အပိုင်းတိုင်းဟာလဲ တိကျစွာဖြင့် လှပလွန်းနေကြသည်။
သူမဟာ ထိုနေရာမှာပဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထူးမခြားနားတဲ့ပုံစံလေးနှင့် ခံ့ညားသပ်ရပ်စွာ၊ ရင်သပ်ရူမောစရာ ကောင်းလောက်အောင် လှပလွန်းစွာဖြင့် ဖြစ်သည်။
VOCÊ ESTÁ LENDO
ဉာဏ်ကြီးရှင်လေးရဲ့ ပြန်မွေးဖွားခြင်းဟာ ကမ္ဘာကြီးကို တုန်လှုပ်စေတယ် -Translation-
RomanceI don't own any part of this story. And photos are not mine too. l only translate it. English title-: Big shot's reincarnation sweeps the world
